DVB Logo
Home
မြန်မာသတင်း
မီးညွန့်မထွက်သည့် စွမ်းရည်မြင့် ဂက်စ်မီးဖို (ရုပ်သံ)
DVB
·
September 11, 2015
မီးညွန့်မထွက်သည့် စွမ်းရည်မြင့် ဂက်စ်မီးဖို (ရုပ်သံ)
Donate to DVB

ပိုလန်ကုမ္ပဏီတခုက မီးညွန့်မထွက်တဲ့ ဂက်စ်မီးဖို တမျိုးကို ဈေးကွက်တင်လာပါတယ်။ ဒီမီးဖိုက မီးတောက်ထွက်တဲ့ မီးဖိုတွေထက် ပိုမိုထိရောက်ပြီး သန့်ရှင်းတယ်လို့ ဆိုပါတယ်။

ပုံကြည့်ရင် လျှပ်စစ်မီးဖိုလို့ ထင်ရပေမယ့် တကယ်တော့ ဂက်စ်မီးဖိုပါ။ မီးတောက်မထွက်ပါဘူး။ မှန်ပြင်အောက် ဂက်စ်ဖြန့်စနစ်ပါ ဒီမီးဖိုကို ပိုလန်အနောက်တောင်ပိုင်းက စက်ရုံတရုံမှာ ထုတ်လုပ်တာပါ။

ဒီမီးဖိုရဲ့ စွမ်းဆောင်ရည်ကြောင့် ပြည်တွင်းမှာရော ပြည်ပမှာပါ သုံးစွဲသူ များခဲ့ပါတယ်။ တီထွင်သူတွေကတော့ ဒီမီးဖိုဟာ သမားရိုးကျ မီးဖိုတွေထက် စွမ်းရည် ၅၀ ရာခိုင်နှုန်း ပိုမြင့်တယ်လို့ ဆိုပါတယ်။ ခုလို စွမ်းရည်မြင့်ရတာကလည်း မီးဖိုတွင်းက ဂက်စ်ရဲ့ စွမ်းအားပြည့် လောင်ကျွမ်းမှုကြောင့်လို့ ဆိုပါတယ်။

"မီးဖိုအတွင်းပိုင်းမှာ စွမ်းရည်သိပ်မြင့်တဲ့ ဓာတ်ကူရှို့မြိုက်ခန်း ပါတဲ့အတွက် ဓာတ်ငွေ့ကို အမြင့်ဆုံး လောင်ကျွမ်းပေးနိုင်ပါတယ်။ ထူးခြားတာက ဓာတ်ငွေ့က အပူချိန် ၈၀၀ ဒီဂရီစင်တီဂရိတ်နဲ့ လောင်ကျွမ်းတာပါ။ ဒါကြောင့် အပြီးတိုင် လောင်ကျွမ်းတာမို့ နိုက်ထရိုဂျင်အောက်ဆိုက်နဲ့ ကာဗွန်မိုနောက်ဆိုက်လို အန္တရာယ်ရှိ ဓာတ်ငွေ့တွေ ထွက်မလာနိုင်တော့ပါဘူး" လို့ တီထွင်သူ အင်ဂျင်နီယာတွေက ပြောပါတယ်။

ဒီကုမ္ပဏီရဲ့ အင်ဂျင်နီယာတွေကတော့ ဓာတ်ငွေ့လောင်ကျွမ်းမှုက ထွက်လာမယ့် ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု အဆင့်ဟာ မီးညွန့်ထွက်တဲ့ သာမန်မီးဖိုတွေထက် ၁၀ ဆ သက်သာစေပြီး ဓာတ်ငွေ့စားနှုန်းကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

အစတုန်းက ဒီမီးဖိုကို အင်ဂျင်နီယာ တယောက်က သူ့ဇနီးအတွက် ဖန်တီးပေးခဲ့တာဖြစ်ပေမယ့် ဒီနည်းက သိပ်ကိုထိရောက်တာမို့ နှစ်အတော်ကြာ စမ်းသပ်သုတေသနလုပ်အပြီးမှာ ထုတ်လုပ်ရောင်းချဖို့ ဖြစ်လာခဲ့ပါတယ်။

"ဒီမီးဖိုရဲ့ အားသာချက်ကတော့ အန္တရာယ်ကင်းမှုပါ။ မီးဖိုတွင်းမှာ လုံခြုံရေးအစိတ်အပိုင်း ၂ မျိုး တပ်ဆင်ထားတာကြောင့်ပါ။ ပထမတခုက သာမန်ဂက်စ်မီးဖိုတွေမှာလည်း ပါပါတယ်။ ဒုတိယတခုကတော့ ဂက်စ်ယိုစိမ့်မှုကို အမြဲစောင့်ကြည့် ကာကွယ်ပေးတဲ့ လျှပ်စစ်လုံခြုံရေးစနစ်ပဲ ဖြစ်ပါတယ်" လို့ အင်ဂျင်နီယာက ပြောပါတယ်။

ဒီမီးဖိုကို မီးမရနိုင်တဲ့ နေရာတွေမှာ ဒါမှမဟုတ် အနွေးဓာတ်ပေးဖို့ ဓာတ်ငွေ့ကို အားထားနေရတဲ့ နေရာတွေမှာ အသုံးပြုနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013