DVB Logo
Home
မြန်မာသတင်း
စာရွက်စာတမ်းအတုဖြင့် မလေးရှားသွားမည့် မြန်မာ ၅ ဦး ဖမ်းဆီးခံရ
DVB
·
September 11, 2015
စာရွက်စာတမ်းအတုဖြင့် မလေးရှားသွားမည့် မြန်မာ ၅ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝပ်ခရိုင် ဆူငါကိုလုတ်မြို့နယ်ထဲမှာ မလေးရှားနိုင်ငံကို သွားဖို့ပြင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦး အဖမ်းခံရတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမ၀င်အလုပ်သမားတွေ ၀င်ရောက်လာမယ်လို့ ကြိုတင်သတင်းရထားချက် အရ တာဝန်ရှိသူတွေဟာ စက်တင်ဘာလ ၉ ရက်နေ့က ဆူငါကိုလုတ်မြို့နယ် အဝေးပြေး ကားဂိတ်တွင်း ၀င်ရောက်စစ်ဆေး ရာမှာ နိုင်ငံကူးလက်မှတ် အတုကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့တာလို့  နရာသီဝပ်ခရိုင် ဒုလ၀ကရဲမှူး ထနားကွန်းဆပ်ပရဆန်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သူတို့ ၅ ဦးဟာ ကိုကျော် အမည်ရှိ မြန်မာပွဲစားရဲ့ အဆက်အသွယ်နဲ့  လူတဦးကို ဘတ် ၂ သောင်းပေးကာ   မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ ဦးတည်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး  သူတို့အားလုံး မြန်မာနိုင်ငံ ကော့သောင်းကနေ ထိုင်းနိုင်ငံ ရနောင်းကို ၀င်ရောက်လာကာ လူတဦးက ဘတ်စ်ကားနဲ့  ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ကို ပို့ပေးခဲ့ကြောင်း၊ ဟတ်ယိုင်ရောက်တော့  နောက်ထပ် အမည်မသိသူတဦးက သူတို့ကို စာရွက်စာတမ်းတွေ လာပေးခဲ့ပြီး အဲဒီကနေ မှန်လုံကားနဲ့ ကိုလုတ်မြို့ အဝေးပြေးဂိတ်ကို  ရောက်လာကြောင်း၊ အဲဒီကနေ မလေးရှားကို ဆက်သွားဖို့  လာကြိုမယ်လို့ ပြောထားပေမယ့် အတန်ကြာတဲ့ထိ လာကြိုမယ့်သူမရှိဘဲ  ထိုင်းရဲတွေရဲ့ အဖမ်းအဆီးကို ခံခဲ့ရတာလို့  ထွက်ဆိုသွားပါတယ်။

ဖမ်းဆီးခံထားရသူ ၅ ဦးရဲ့ ပတ်စ်ပို့ နဲ့ နေထိုင်ခွင့်ကဒ် အတုမှာ ပါရှိတဲ့ နာမည်တွေကတော့  ဆန်းနိုင်ဝင်း (၂၄)နှစ်၊ မျိုးစည်အောင် (၂၁)နှစ်၊ ကိုဇော်ချို (၂၈) နှစ်၊ မောင်ဦးစိန် (၂၀) နှစ်နဲ့ စောနိုင်ထွန်း (၃၄) နှစ်လို့ ဆိုပါတယ်။

သူတို့ကို လ၀ကရဲစခန်းမှာ ထားရှိပြီး နိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာမှု၊ စာရွက်စာတမ်း အတုကိုင်ဆောင်မှုတွေနဲ့ ဆက်လက်အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013