DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကယားရွေးကောက်ပွဲအောင်နိုင်ရေးခရီး စတင်
DVB
·
September 10, 2015
ဒေါ်အောင်ဆန်းစုကြည် ကယားရွေးကောက်ပွဲအောင်နိုင်ရေးခရီး စတင်
1 / 6
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကယားပြည်နယ် မဲဆွယ်စည်းရုံးရေးခရီးကို ဒီနေ့ စတင်မှာဖြစ်ပြီး ပြည်နယ်အတွင်းရှိ မြို့နယ် ၆ ခုမှာ ဟောပြောစည်းရုံးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ပြုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မဲဆွယ်စည်းရုံးရေးခရီးလည်း ဖြစ်ပါတယ်။

ပြည်နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဟောပြောစည်းရုံးမယ့် အစီအစဉ်ကို ပြည်နယ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူက ခုလို ရှင်းပြပါတယ်။

“လွိုင်ကော်ကို ၂ နာရီ ရောက်မယ်၊ ဒီမောဆို တန်းသွားမယ်၊ ဒီမော်ဆိုမှာ နာရီဝက် ဟောမယ်၊ ပြီးရင် ဖရူဆိုသွားမယ်၊ ဖရူဆိုမှာ နာရီဝက်ဟောမယ်၊ ပြီးရင် ဘော်လခဲ သွားမယ်၊ အဲ့ဒီမှာ နရီဝက် ဟောမယ်၊ ဘော်လခဲမှာ ညအိပ်မယ်။ နောက်တနေ့ ဖားဆောင်းကို သွားမယ်၊ ဖားဆောင်းမှာ ဟောမယ်၊ ပြီးရင် လွိုင်ကော် ပြန်လာပြီး မြို့မအားကစားကွင်းမှာ ဟောပြောပွဲ လုပ်မယ်၊ နောက်တနေ့ကျ ရှားတောသွားပြီး ပြန်လာမယ်၊ လွိုင်ကော်ကနေ ရန်ကုန် ပြန်မယ်။”

အဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ လုံခြုံရေးအတွက် ပြည်နယ်ကော်မရှင်က တာဝန်ယူ လုပ်ဆောင်ပေးမယ့်အကြောင်းလည်း ပြောပါတယ်။

ကယားပြည်နယ်အတွင်းရှိ မြို့နယ် ၇ ခုစလုံးမှာ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တယောက် အသက်မပြည့်လို့ ပယ်ချခံထားရပါတယ်။

ကယားပြည်နယ်အတွင်း စစ်တပ်အခြေချထားတဲ့ ရှားတောနဲ့ ဘောလခဲတို့မှာ ၀န်ကြီးဦးအောင်မင်းနဲ့ ၀န်ကြီး ဦးစိုးသိန်းတို့ တသီပုဂ္ဂလ ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013