DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်ဗုံးခွဲတရားခံ ရှာဖွေရင်း မြန်မာအလုပ်သမား ၈၃ ဦးကို ဖမ်းဆီး
DVB
·
September 10, 2015
ဘန်ကောက်ဗုံးခွဲတရားခံ ရှာဖွေရင်း မြန်မာအလုပ်သမား ၈၃ ဦးကို ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ရာ့ခ်ျပဆုန်လမ်းဆုံမှာ ပြီးခဲ့တဲ့လအတွင်း ဗုံးကွဲမှု ဖြစ်ပွားပြီးတဲ့နောက် တာဝန်ရှိသူတွေက တရားခံတွေ လိုက်လံရှာဖွေနေရာမှာ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်က မြန်မာအလုပ်သမားတွေ အဖမ်းခံခဲ့ရ တယ်လို့  ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်ဗုံးခွဲသူတရားခံတွေဟာ နယ်စပ်အလုပ်သမားတွေကြားထဲ ကိုယ်ရောင်ဖျောက် ၀င်ရောက်ပုန်းအောင်းနေကြောင်း သတင်းရထားတဲ့အပြင် နယ်မြေတွင်း တရားမ၀င် လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ၊ တရားမ၀င် အလုပ်သမားတွေပါ လိုက်လံ စစ်ဆေးဖမ်းဆီးနေတာပါ။

ထိုင်းစစ်တပ်၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့အင်အား ၂၀၀ ကျော်ဟာ စက်တင်ဘာ ၈ ရက်နေ့က  ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ၀ိန်းဖန်ခမ်း  နဲ့ ပုန်ဖာ ရပ်ကွက်တွင်း နေရာ ၇ ခုမှာ ရှာဖွေရေး လုပ်ဆောင်ခဲ့တယ်လို့  အမှတ် ၂ ဒေသ စစ်ဌာနချုပ် တပ်ရင်မှူး ဗိုလ်မှူးကြီး ဆုန်းယုဒ် ထောင်းကွန့်က သတင်းထောက်တွေကို ပြောပါတယ်။

ရှာဖွေစစ်ဆေးချက်မှာ ဘန်ကောက်ဗုံးခွဲတရားခံ နဲ့ အခြား မူးယစ်ဆေးဝါး လက်နက်တွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိဘဲ တဘက်နိုင်ငံကနေ အလုပ်လာလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမား ၈၃ ဦးကိုသာ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဆိုပါ အလုပ်သမားတွေကို မယ်ဆိုင် လ၀က ရုံးကို ခေါ်ဆောင်သွားပြီး အလုပ်သမားကတ်နဲ့ နိုင်ငံကူးလက်မှတ်တွေ စစ်ဆေးကာ ဥပဒေနဲ့ မညီညွတ်သူကို လိုအပ်သလို အရေးယူသွားမယ်လို့ ဆိုပါတယ်။

ထိုင်းရတ်သတင်းမှာတော့ ရွှေ့ပြောင်းအလုပ်သမား ၈၃ ဦး အဖမ်းခံရတဲ့အပြင် အိမ်ခန်းပိုင်ရှင် ထိုင်းလူမျိုး ၄ ဦးပါ တရားမ၀င်အလုပ်သမားတွေကို လက်ခံထားမှု၊ ဧည့်သည်လာရောက်တည်းခိုကြောင်း ၂၄ နာရီတွင်း အကြောင်းကြားဖို့ ပျက်ကွက်မှုတွေနဲ့ မယ်ဆိုင်လ၀ကရဲက အရေးယူထားတယ်လို့ ဖော်ပြသွားပါတယ်။

ပြီးခဲ့တဲ့လက လူပေါင်း ၂၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဘန်ကောက် ရာ့ခ်ျပဆုန်လမ်းဆုံ ဧရာဝဏ်နတ်ကွန်းအနီး ပေါက်ကွဲမှုမှာ တရားခံအဖြစ် သံသယရှိသူ ၁၁ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး လူ ၂ ဦးကို  ဖမ်းဆီးထားပါတယ်။

ကျန်သူတွေကို ဖမ်းမိဖို့ ထိုင်းရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေနေပြီး အထူးသဖြင့်  မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မလေးရှား နယ်စပ်တွေမှာ လုံခြုံရေး နဲ့ စစ်ဆေးရေးတွေ ပိုမိုတင်းကြပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဘန်ကောက်ဗုံးခွဲတရားခံ ရှာဖွေရင်း မြန်မာအလုပ်သမား ၈၃ ဦးကို ဖမ်းဆီး