DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အခွင့်အရေးကို အမိအရဆုပ်ကိုင်ရန် အရေးကြီးဟု သမ္မတပြော
DVB
·
September 9, 2015
ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အခွင့်အရေးကို အမိအရဆုပ်ကိုင်ရန် အရေးကြီးဟု သမ္မတပြော
Donate to DVB

သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၉ရက်က နေပြည်တော်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လျန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ သမ္မတက ခုလို ပြောဆိုလိုက်တာ ဖြစ်ပြီး စက်တင်ဘာလကုန်မှာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးဖို့လည်း သူ့အဖွင့်မိန့်ခွန်းမှာ ကမ်းလှမ်းခဲ့ပါတယ်။

“အန်စီအေ စာချုပ် လက်မှတ်ရေးထိုးပြီးတဲ့အခါ ဒီစာချုပ်အရ ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်တွေကို ပြင်ဆင်ရမှာ ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ဖို့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲတွေဟာ အချိန်အခါအလိုက် ရှိနေမှာဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ အရေးကြီးတယ်လို့ ကျွန်တော့်အနေနဲ့ ရည်ညွှန်းပြောကြားလိုပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ငြိမ်းချမ်းရေး မရရှိဘဲနဲ့ မဖြစ်နိုင်ဘူးဆိုတာကို အလေးအနက်ထားပြီး ပြောကြားလိုပါတယ်။ ဒါကြောင့် တနိုင်ငံလုံး ငြိမ်းချမ်းရေးကို ကောင်းမွန်မှန်ကန်တဲ့ ဆန္ဒနဲ့ ဝိုင်းဝန်းဆွေးနွေးကြဖို့ ကျနော့်အနေနဲ့ ဖိတ်ခေါ်ပါတယ်။ ယခု စက်တင်ဘာလ မကုန်မီမှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဒီကနေ့ အစည်းအဝေးမှာပဲ ကျနော်တို့အားလုံး ညှိနှိုင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

လက်နက်ကိုင်ပဋိပက္ခကို လက်နက်ကိုင်ပြီး ဖြေရှင်းလို့ မရဘဲ စားပွဲဝိုင်းမှာ တွေ့ဆုံဖြေရှင်းတဲ့ နည်းနဲ့ပဲ ဖြေရှင်းနိုင်မယ်ဆိုတာကို သမ္မတက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

နှစ်ဘက်စလုံး စိတ်ရှည်သည်းခံ ဇွဲရှိရှိနဲ့ ဆွေးနွေးခဲ့ကြလို့ အခု အခြေအနေကို ရောက်လာတာဖြစ်ပြီး ရှေဆက်လည်း စိတ်ရှည်ဇွဲသန်ဆွေးနွေးကြဖို့နဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးကြဖို့ သမ္မတက ထပ်မံဖိတ်ခေါ် ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်မှာ လုပ်ခဲ့တဲ့ သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲကို သမ္မတနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး ၉ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဘက်က ခေါင်းဆောင် ၉ဦး တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီး နှစ်ဘက်တာဝန်ရှိသူတွေ မီဒီယာကို ပြောကြားချက်အရ အောက်တိုဘာလဆန်းမှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးကြမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013