DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်ဗုံးခွဲ အဓိကတရားခံ ဖမ်းမိရေး ဘင်္ဂလားဒေ့ရှ်အစိုးရထံ အကူအညီတောင်း
DVB
·
September 9, 2015
ဘန်ကောက်ဗုံးခွဲ အဓိကတရားခံ ဖမ်းမိရေး ဘင်္ဂလားဒေ့ရှ်အစိုးရထံ အကူအညီတောင်း
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ရာ့ခ်ျပဆုန်လမ်းဆုံက ဧရာဝဏ်ဘုရားနဲ့ ဆာထောင်းန် လှေဆိပ်အနီး ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အဓိက ညွှန်ကြားသူလို့  ယူဆထားတဲ့ တရုတ်နိုင်ငံသား အီဆန်း ခေါ် အာပူဒူချာဒါရ် အပူဒူလေဟ်မာန်ကို ရှာဖွေဖမ်းဆီးပေးဖို့ ထိုင်းရဲတပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကူအညီတောင်းခံလိုက်ပါတယ်။

အီဆန်းဟာ သုဝဏ္ဏဘူမိလှေဆိပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  သြဂုတ်လ ၁၆ ရက်နေ့က ထွက်ခွာသွားကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိထားပြီးဖြစ်တဲ့အတွက်  သူ့ကိုဖမ်းဆီး ရမိရေး အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရထံ အကူအညီတောင်းခံရကြောင်း ဘန်ကောက်  ရာ့ခ်ျပဆုန်လမ်းဆုံနဲ့ ဆာထောင်းန်လှေဆိပ်ပေါက်ကွဲမှု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဒုတိယ ခေါင်းဆောင် ဒုရဲမှူးချုပ် ကျရထိပ်ချိုင်းကျန်းဒါးက သတင်းထောက်တွေကို ပြောပါတယ်။

ကမ္ဘောဒီးယားနယ်စပ် ဆာကျောက်ခရိုင်ကနေ ဖမ်းမိခဲ့တဲ့ မိုင်လိုင်လီ ယူဆူဖူကို ၁၈ နာရီကြာ စစ်ဆေးပြီးတဲ့နောက် အမှုအတွက် တန်ဖိုးရှိတဲ့ အချက်အလက်တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၉ ရက် မနက်ပိုင်းကလည်း မိုင်လိုင်လီကို ဖောက်ခွဲမှုကိစ္စအတွက် သူသွားလာခဲ့တဲ့ နေရာ ၁၄ ခုကို ထပ်မံသရုပ်ပြစေပြီး ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံစေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ နေရာတွေမှာ စီစီကင်မရာပါ အ၀ါရောင်တီရှပ်ဝတ်သူနဲ့ ဗုံးထည့်ထားတဲ့အိတ်ချင်း လှဲလှယ်ဖို့  တုတ်တုတ်သုံးဘီးကား စစီးတဲ့နေရာ၊ စင်ထရယ်ဝေါ်လ်၊ မင်ပူရီတိုက်ခန်း၊ ဟိုလမ်းဖုံးဘူတာ၊ ပတူနမ့်စင်တာ၊ ရမ်ခမ်းဟိုင်လမ်းသွယ် ၂၂၊ ငွေလာထုတ်တဲ့ ဘဏ် စတဲ့နေရာတွေဖြစ်ပြီး ဒီကနေ့မှာ မင်ပူရီမြို့နယ် တရားရုံးထံ အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ လူတွေသေစေတဲ့ တရားမ၀င် လက်နက်ခဲယမ်းထုတ်လုပ်မှု၊ ဖောက်ခွဲမှုမှာ ပါဝင် ပတ်သက်မှု စတဲ့ကြီးလေးတဲ့အမှုတွေနဲ့ ပတ်သက်နေတဲ့အပြင် နိုင်ငံခြားကို ထွက်ပြေး တိမ်းရှောင်မှာ စိုးတဲ့အတွက် အာမခံမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လလယ်က လူပေါင်း ၂၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိစေခဲ့တဲ့ ဘန်ကောက် ဧရာဝဏ်နတ်ကွန်းအနီး ပေါက်ကွဲမှုနဲ့  ဆာထောင်းန်လှေဆိပ်  ပေါက်ကွဲမှုတွေမှာ တူရကီနိုင်ငံသား၊ တရုတ်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေပါ ပါဝင်တဲ့ လူပေါင်း ၁၁ ဦးကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013