DVB Logo
Home
နိုင်ငံရေး
အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရန် ကေအိုင်အိုလိုလား
DVB
·
June 20, 2011
အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရန် ကေအိုင်အိုလိုလား
Donate to DVB

အစိုး​ရတပ်​တွေနဲ့​ ကချင်လွတ်လပ်​ရေး​အဖွဲ့​အကြား​ တိုက်ပွဲ​တွေမှာ အစိုး​ရတပ်ဘက်က (၁၈) ရက်​နေ့​ ညပိုင်း​ကတည်း​က အပစ်အခတ်ရပ်ဖို့​ အမိန့်​ထုတ်ထား​တယ်လို့​ မြစ်ကြီး​နား​မြို့​နယ် အမတ် ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​ ဦး​သိန်း​ဇော်က ​ကေအိုင်အိုထံကို မ​နေ့​က စာ​ပေး​ပို့​ခဲ့​တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

ဒီစာပို့​ပေမယ့်​ ဒီ​နေ့​ထိ နှစ်ဘက်တိုက်ပွဲ​တွေ ဆက်ဖြစ်​နေဆဲပဲလို့လည်း ကေအိုင်အို​ပြောခွင့်​ရ​ ဦး​လနန်း​က ​ပြောပါတယ်။

အစိုး​ရနဲ့​ ​တော်လှန်​ရေး​အဖွဲ့​အစည်း​နှစ်ဘက်အကြား​ ဖြစ်ပွား​တဲ့​တိုက်ပွဲနဲ့​ စပ်လျဉ်း​ပြီး​ တပ်မ​တော်ကိုလည်း​ ကိုယ်စား​မပြု၊​ ပြည်​ထောင်စုအစိုး​ရအဖွဲ့​ကိုလည်း​ ကိုယ်စား​မပြုတဲ့​ ဦး​သိန်း​ဇော်ရဲ့​ အပစ်ရပ်​ရေး​ ကမ်း​လှမ်း​မှု​တွေ ဖြစ်ပါတယ်။

“အဲဒီမှာ သူ​ဖော်ပြထား​တာ​တော့​ ၁၈ ရက်​နေ့​ ည ၈ နာရီအချိန်က​နေပြီး​တော့​ ​ကေအိုင်​အေသာ စမပစ်ဘူး​ဆိုရင် သူတို့​ဘက်လည်း​ မပစ်ဘူး​ဆိုပြီး​တော့​ သူတို့​တပ်ထဲမှာ တိုင်း​ကညွှန်ကြား​ပြီး​ပြီဆိုတဲ့​ ​ရေး​ပြီး​တော့​ ကျ​နော်တို့​ကို ​ပေး​လိုက်တာတခုရှိတယ်။ အခုကြည့်​ရတာက အဲဒီမှာ စာ​ရေး​သား​ဖော်ပြချက်မှာ သူကမြစ်ကြီး​နား​မြို့​နယ်ရဲ့​ လွှတ်​တော်ကိုယ်စား​လှယ်တဦး​ ဖြစ်တဲ့​အ​ကြောင်း​၊​ သူက မြစ်ကြီး​နား​မြို့​ကို ​ရောက်ရှိစဉ်မှာ အဲလိုဖြစ်တဲ့​အတွက်​ကြောင့်​မို့​ ကြား​က​နေလုပ်​ပေး​ရတာ ဖြစ်တယ်ဆိုတာရယ်၊​ ဒါ​ပေမယ့်​ အဲဒီအ​ကြောင်း​ကြား​တောင်း​ဆိုတဲ့​အချိန်မှာလည်း​ နည်း​နည်း​ပါး​ပါး​ ပစ်တာခတ်တာ​တော့​ အ​သေး​အဖွဲ​တော့​ ရှိတာ​ပေါ့​။”

ဒီစာမ​ပေး​ပို့​ခင်ကလည်း​ ဦး​သိန်း​ဇော်ဟာ ကချင်အမျိုး​သား​အတိုင်ပင်ခံအဖွဲ့​ဝင်​လေး​ဦး​ကို ​ကေအိုင်အိုဌာနချုပ်လိုင်ဇာကို ​ပေး​ပို့​စေလွှတ်ပြီး​ အပစ်ရပ်​ရေး​ ကမ်း​လှမ်း​ခဲ့​ပေမယ့်​ ဘာအ​ထောက်အထား​မှ မပြသနိုင်တာ​ကြောင့်​ ခရီး​မ​ရောက်ဘဲ မြစ်ကြီး​နား​ကို လှည့်​ပြန်ခဲ့​ရပါ​သေး​တယ်၊

ကေအိုင်အိုက တိုက်ပွဲမလိုလား​ဘဲ အပစ်ရပ်စဲချင်​ပေမယ့်​ အနိမ့်​ဆုံး​အဆင့်​အ​နေနဲ့​ အစိုး​ရဘက်က လိုက်​လျောရမယ့်​အချက်​တွေရှိတယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

“အဓိက​တော့​ သူတို့​ဘက်က ခိုင်မာတဲ့​ သူတို့​တပ်​တွေမှာ ညွှန်ကြား​ထား​ပြီဆိုတဲ့​ ဒီအာမခံရှိတဲ့​ သက်​သေအ​ထောက်အထား​ကို ကျ​နော်တို့​ဘက်ကို​ပေး​မယ်ဆိုရင် ကျ​နော်တို့​ဘက်ကလည်း​ ကျ​နော်တို့​ရဲ့​ ​ရှေ့​တန်း​မှာရှိတဲ့​ ရဲ​ဘော်​တွေကို ပစ်တာခတ်တာ​တွေကို ရပ်ဖို့​ ပြန်ညွှန်ကြား​လာမယ်။ အဲဒါပြီး​တော့​ သူတို့​ဘက်က စစ်ဘက်ဆိုင်ရာ အရာရှိ​တွေနဲ့​ ကျ​နော်တို့​ရဲ့​ ​ကေအိုင်​အေတပ်ဖွဲ့​အရာရှိ​တွေက တ​နေရာမှာ ယာယီအပစ်အခတ်ရပ်ဆိုင်း​ဖို့​ နှစ်ဖက်သ​ဘောတူညီချက် လက်မှတ်​တွေဘာ​တွေ ထိုး​ကြမယ်။ အဲဒီက​နေ ဆက်ပြီး​တော့​ တပ်ပိုင်း​ဆိုင်ရာ ညွှန်ကြား​ချက်​တွေလိုမျိုး​ အဆင့်​အများ​ကြီး​ လုပ်ကြရမယ်။ အဲဒီအား​လုံး​ပြီး​စီး​မှ ပစ်တာခတ်တာ​တွေ ယာယီရပ်ဆိုင်း​နိုင်ပြီး​တဲ့​အခါမှာ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ဆိုတဲ့​ နိုင်ငံ​ရေး​လမ်း​ကြောင်း​ပေါ်မှာ သွား​ဖို့​၊​ ကျ​နော်တို့​ အဲဒီလမ်း​ကြောင်း​နဲ့​သွား​မှာပါ။”

အခုလ ၉ ရက်​နေ့​က​နေ့​ စတင်တဲ့​တိုက်ပွဲ​တွေ​ကြောင့်​ ​ကေအိုင်အို တပ်မဟာ ၁ က​နေ ၅ အထိ ရှိတဲ့​ ​ကေအိုင်တပ်မဟာ (၅) ခုစလုံး​မှာ တိုက်ပွဲငယ်​တွေ ဖြစ်​နေတာပါ။

ဒီက​နေ့​ ​နောက်ဆုံး​အ​ခြေအ​နေထိ စစ်​ပြေး​ဒုက္ခသည်​ပေါင်း​ နှစ်​သောင်း​ဝန်း​ကျင်​လောက် ​ရောက်ရှိလာပြီဖြစ်ပြီး​ ဒီက​နေ့​စလို့​ စစ်​ပြေး​ဒုက္ခသည်က​လေး​တွေကို စတင်ပြီး​ ​ကေအိုင်အိုက ​ကျောင်း​စတင် ဖွင့်​လှစ်သင်ကြား​ပေး​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

စစ်အစိုး​ရလက်ထက် ဆက်သွယ်​ရေး​ဝန်ကြီး​တာဝန်ယူဖူး​သူ ဦး​သိန်း​ဇော်ဟာ ​ကေအိုင်အိုနဲ့​ အစိုး​ရအကြား​ တင်း​မာစဉ် ၁၂ ရက်​နေ့​ညက ​ကေအိုင်အိုက အစိုး​ရတပ်ကို နှစ်ရက်သည်း​ခံ​ပေး​ပြီး​ အပစ်အခတ်မလုပ်ဖို့​ ​နေပြည်​တော်က​နေ ​ကေအိုင်အိုဘက်ကို ဖုန်း​ဆက်ပြီး​ ​မေတ္တာရပ်ခံခဲ့​ပါတယ်။

ဒီလို ​မေတ္တာရပ်ပြီး​ချိန်မှာပဲ အစိုး​ရတပ်က ​ကေအိုင်​အေ တပ်မဟာ ၃၊​ တပ်ရင်း​ ၁၅ ကို လက်နက်ကြီး​ ကျည်ရာ​ပေါင်း​များ​စွာ အဆက်မပြတ် ပစ်ခွင်း​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013