DVB Logo
Home
မြန်မာသတင်း
သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်များ အန်စီအေ ကို အပြီးသတ်ညှိနှိုင်းနေ
DVB
·
September 9, 2015
သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်များ အန်စီအေ ကို အပြီးသတ်ညှိနှိုင်းနေ
1 / 5
Donate to DVB

နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ထဲက ညှိနှိုင်းဖို့ကျန်ရှိတဲ့ ‘အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စ’ ကို နေပြည်တော် အမ်အိုင်စီစီ ၂ မှာ ဒီမနက် စတင်ဆွေးနွေးကြပါတယ်။

အန်စီအေစာချုပ်ပါ ကျန်အချက်အားလုံးကို နှစ်ဘက်သဘောတူခဲ့ကြပြီးကာမှာ ဒီတချက်ကို အောက်ခြေအဆင့်မှာ ညှိနှိုင်းကြရာ ပြေလည်မှုမရတဲ့အတွက် နှစ်ဘက် အဆင့်အမြင့်ဆုံး ခေါင်းဆောင်တွေကိုယ်တိုင် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

[caption id="attachment_111303" align="aligncenter" width="770"]11949407_10205963021607115_2576363794516043854_n ဓာတ်ပုံ - ကျော်ဇေယျာဝင်း[/caption]

ဆွေးနွေးပွဲရလဒ် အဖြေကောင်းရင် စာချုပ်လက်မှတ်ရေးထိုးမယ့်ရက် သတ်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲအတွက် အရေးကြီးတဲ့ အဆင့်တဆင့် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

စာချုပ်လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင် ရေးဆွဲကြမှာဖြစ်သလို စာချုပ်လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကြဖို့  နှစ်ဘက်သဘောတူညီထားကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ချက်မှာ “တပြည်လုံး အပစ်ရပ်လက်မှတ်ထိုးတဲ့အခါ အဓိကကျတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပါဝင်နိုင်ရေးဟာ မြန်မာနိုင်ငံရဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးကြောင်း၊ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ဆင်ရေးနယ်မြေတွေ ထပ်နေမှု၊ လူမျိုးစုတွေ ရောနှောနေသလို အဖွဲ့တဖွဲ့နဲ့တဖွဲ့အကြား စစ်ရေးဆက်ဆံမှုနဲ့ ယဉ်ကျေးမှုတွေ နှီးနွယ်နေတာကြောင့် စာချုပ်လက်မှတ်ထိုးတဲ့အခါ ဘယ်အဖွဲ့ကိုမှ ချန်မထားခဲ့ဖို့ တိုက်တွန်းကြောင်း" သဘောထားကို ကြိုတင်ဖော်ပြခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင် ကိုယ်စားလှယ်အဖွဲ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ) ဥက္ကဋ္ဌ နိုင်ထောမွန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) အဖွဲ့ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလဂျာ၊ ပူးဇင်ကျုံးနဲ့ အန်စီစီတီအဖွဲ့ခေါင်းဆောင် ၂ ပဒိုစောကွယ်ထူးဝင်းတို့နဲ့ ဆွေးနွေးကြတာပါ။

ထိပ်သီးခေါင်းဆောင်တွေရဲ့ နေပြည်တော် ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စက်တင်ဘာ ၅ ရက်နေ့ကတည်းက အစ္စရေးနိုင်ငံကို ခရီးထွက်နေတာကြောင့် တွေ့၊ မတွေ့ ယတိပြတ်မသိနိုင်သေးပါဘူး။

လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်းက အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရရှိခဲ့ကြပါတယ်။

ဒီသဘောတူညီချက်တွေကြောင့် ဒေသအတော်များများမှာ တိုက်ပွဲတွေ ရပ်တန့်သွားပေမယ့် ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်ဘက်မှာတော့ စဉ်ဆက်မပြတ် တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013