DVB Logo
Home
မြန်မာသတင်း
လန့်နားထိုင်းကုန်စည်ပြပွဲ မြန်မာအပါအ၀င် ၉ နိုင်ငံ ပူးပေါင်းပါဝင်
DVB
·
September 9, 2015
လန့်နားထိုင်းကုန်စည်ပြပွဲ မြန်မာအပါအ၀င် ၉ နိုင်ငံ ပူးပေါင်းပါဝင်
1 / 15
Donate to DVB

အာဆီယံ စီးပွားရေးအသိုက်အ၀န်းကို ကြိုဆိုတဲ့အနေနဲ့ နိုင်ငံပေါင်း ၉ နိုင်ငံ ပူးပေါင်းပါဝင်တဲ့ လန့်နားထိုင်းကုန်စည်ပြပွဲကြီးကို ထိုင်းနိုင်ငံ ချင်းမိုင်နှစ် ၇၀၀ ပြည့်အားကစားကွင်းအနီး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ မိုးလုံလေလုံခန်းမကြီးမှာ  ကျင်းပနေပါတယ်။

စက်တင်ဘာ ၄ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပမယ့် ဒီပွဲမှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ လမ်းပွန်း၊ လမ်းပန်း စတဲ့ ခရိုင် ၄ ခုက ဒေသထွက်ကုန်ပစ္စည်းတွေရော မြန်မာ၊ ဂျပန်၊ ဖိလစ်ပိုင်၊ ကိုးရီးယား၊ အမေရိကန်၊ အိန္ဒိယ၊ တရုတ်၊ လာအို စတဲ့ နိုင်ငံက အရောင်းပြခန်းတွေပါ စုစုပေါင်း ၂၆၀ ကျော်နဲ့  ခင်းကျင်းပြသနေ ပါတယ်။

နိုင်ငံခြားကုန်စည်ပြခန်းတွေပါ ပူးပေါင်းပါဝင်ဖို့ ချင်းမိုင်မှာရှိတဲ့ ကောင်စစ်ဝန်ရုံးတွေကို ဖိတ်ကြားခဲ့တာမှာ မြန်မာနိုင်ငံအနေနဲ့ မိမိနိုင်ငံနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ မြန်မာ့ရိုးရာ ချိတ်ထဘီ အမျိုးမျိုး၊ ပုဝါ၊ သနပ်ခါးနဲ့ လက်ဖက်အကြော်စုံ၊ ထိုးမုန့် စတာတွေကို အဓိက ရောင်းချခဲ့တယ်လို့ ပြခန်းမှာ လာရောက် ကူညီရောင်းချပေးနေသူ မမီးမီးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီပွဲမှာ ချိတ်ထဘီတွေ ပိုပြီးရောင်းရပါတယ်ရှင့်။ ပြီးတော့ သနပ်ခါးကိုလည်း ကြိုက်ကြတယ်။ တချို့က မမြင်ဖူးတော့ သွေးပြရတယ်။ အစမ်းလိမ်းကြည့်တယ်။ သူတို့က သနပ်ခါးနံ့ကိုလည်း နှစ်သက်တယ်။ သနပ်ခါးတုံးရော၊ ကျောက်ပျဉ်တွေပါ ၀ယ်သွားကြတယ်။”

ထိုင်းနိုင်ငံအရောင်းပြခန်းတွေမှာတော့ တိုင်းရင်းဆေးအမျိုးမျိုး၊ ဆေးဆပ်ပြာ၊ ဆေးပေါင်းခံခြင်း၊ အနှိပ်ခံခြင်း၊ ကျန်းမာရေးဆေးစစ်ပေးခြင်း၊ ဆေးဘက်ဝင် သစ်ဥသစ်ဖု၊ နွယ်မြက်သစ်ပင် စတာတွေကို အဓိကထားပြီး ကျယ်ကျယ်ပြန့်ပြန့် ခင်းကျင်းပြသသွားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ လက်မှုပညာလုပ်ငန်းအမျိုးမျိုးနဲ့  ကရင်၊ ကယန်း၊ လီရှော၊ လားဟူ၊ မြောင်ဇီး၊ ရှမ်း၊ အခါ အစရှိတဲ့ တိုင်းရင်းသား ရိုးရာထွက်ကုန်ပစ္စည်းတွေပါ ရောင်းချနေပါတယ်။

ဒါ့အပြင် ပွဲလာလည်တဲ့ သူတွေကို မော်တော်ကား၊ တယ်လီဖုန်း စတဲ့ ကံစမ်းမဲတွေလည်း ဖောက်ပေးနေပါတယ်။

လန့်နားအိတ်စ်ပို့လို့ အမည်ပေးထားတဲ့ ဒီကုန်စည်ပြပွဲကို ထိုင်းနိုင်ငံမြောကိပိုင်းဒေသ ခရိုင် ၄ ခုမှ စီးပွားရေးလုပ်ငန်းရှင်များအသင်းနဲ့ ကုန်သွယ်စီးပွားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့က ဦးဆောင်စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013