DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်အဖြစ် ဦးအောင်လှထွန်းကို သူရဦးရွှေမန်းအဆိုပြု
DVB
·
September 8, 2015
သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်အဖြစ် ဦးအောင်လှထွန်းကို သူရဦးရွှေမန်းအဆိုပြု
Donate to DVB

အသစ်ရွေးချယ်တင်မြှောက်ဖွဲ့စည်းဖို့ရှိနေတဲ့  သတင်းမီဒီယာကောင်စီမှာ အဖွဲ့ဝင်အဖြစ် မြန်မာ နိုင်ငံနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ  ဦးအောင်လှထွန်းကို  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပြုလိုက်ပါတယ်။

အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်တဲ့ သတင်းမီဒီယာဥပဒေအရ "သတင်းမီဒီယာကောင်စီ" မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အဖွဲ့ဝင်တစ်ဦးကို  အဆိုပြုပေးရမှာဖြစ်လို့  ဦးအောင်လှထွန်းကို အဆိုပြုတဲ့အကြောင်း   မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို စက်တင်ဘာ ၈ ရက်နေ့မှာ  အမည်စာရင်းပေးပို့ခဲ့တယ်လို့  သူရဦးရွှေမန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ  ရေးသားထားပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို သတင်းမီဒီယာကောင်စီ အဖြစ် အဖွဲ့ဝင် ၂၉ ဦးနဲ့  ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်ဖွဲ့စည်းမယ်လို့ ကောင်စီရွေးချယ်တင်မြှောက်ရေးအဖွဲ့က စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်မှာ သတင်းစာရှင်းလင်းပြောကြားထားပြီးဖြစ်ပါတယ်။

ကောင်စီဝင် ၂၉ ဦးကို သတင်းသမား ၁၄ ဦး၊ သမ္မတရုံးနဲ့ လွှတ်တော်နှစ်ရပ်က ၃ ဦး၊ ရှေ့နေ၊ တတ်သိပညာရှင်နဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေအုပ်စုက ၁၂ ဦးနဲ့ ရွေးချယ် ဖွဲ့စည်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။

မြန်မာကလောင်ရှင်များအဖွဲ့ PEN Myanmar ကတော့ သတင်းမီဒီယာကောင်စီရွေးချယ်တာနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းကောင်စီရွေးချယ်တင်မြောက်ရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ သတင်းမီဒီယာသမားတွေရဲ့ သဘောထားဆန္ဒကို ရယူခဲ့ခြင်း မရှိဘူးဆိုပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013