DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများဘက်က လျောက်ထားချက်များအားလုံး ပယ်ချခံရ
DVB
·
September 8, 2015
သပိတ်မှောက်ကျောင်းသားများဘက်က လျောက်ထားချက်များအားလုံး ပယ်ချခံရ
Donate to DVB

သာယာဝတီထောင်မှာထိန်းသိမ်းခံရတဲ့ သပိတ်မှောက်ကျောင်းသာတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ထပ်မံ ရုံးထုတ်စစ်ဆေးရာမှာ ကျောင်းသားတွေဘက်က ရှေ့နေရဲ့  လျှာက်ထားချက်တွေ အားလုံးကို  မြို့နယ်တရားရုံး ပယ်ချလိုက်ပါတယ်။

လက်ရှိကျောင်းသားတွေကို စွဲဆိုထားတဲ့အမှုတွေဟာ တရားမ၀င်ဘဲ မူလကနေ ပျက်ပြယ်တဲ့နေတဲ့ တရားစွဲဆိုမှုဖြစ်ကြောင်းလျှောက်ထားချက်တွေကို  မြို့နယ်တရားသူကြီးက ပယ်ချလိုက်တယ်လို့ ကျောင်းသားတွေ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

“လျှောက်လွှာတင်သမျှ အကုန်လုံးပယ်ချတယ်။ မြို့နယ်တရားရုံးကနေပြီးတော့လေ။ လျှောက်လွှာ ၆ မျိုးရှိတယ်။ ၆ မျိုးစလုံးကို ပယ်တယ်။ ဦးလျှောက်တဲ့လျောက်လွှာကိုပယ်တယ်။ ရှေ့နေ ဒေါ်ခင်ခင်ကျော် လျောက်တဲ့ လျှောက်လွှာ ၂ စောင်ကို ပယ်တယ်။ နောက်တခါ ပြည်ထဲရေးဝန်ကြီးရယ်၊ ရဲလုံခြုံရေးတပ်ရင် ၁၊ ၁၀၊ ၁၁ ရယ် ဒု-ရဲမှူးနန္ဒ၀င်းကို တရားစွဲဖို့ ဥစ္စာလည်း ပယ်တယ်။ နောက်ကား ၂ စီး အာမခံလျှောက်တယ်။ အဲဒါလည်း ပယ်တယ်။ နောက်တခါ ပြည်က ပြည်ဖြိုး သူ့အာမခံလျှောက်တာလည်း မြို့နယ်က ပယ်တယ်။ လျှောက်လွှာ ၆ စောင်လုံးကို အကုန်ပယ်တယ်။ ”

ဒါ့အပြင် သာယာဝတီ ခရိုင်တရားရုံးမှာလည်း အာမခံ ၁၂ ဦးလျှောက်ရာမှာ အားလုံး ပယ်ချခံခဲ့ရတယ်လို့လည်း ဦးလှမျိုးမြင့်က ပြောပါတယ်။

ခုလိုမြို့နယ်နဲ့ခရိုင်တရားရုံးတွေက အာမခံလျှောက်ထားချက်ကို ပယ်တဲ့ပေါ် ပဲခူးတိုင်း ဒေသကြီးဆီကို ဆက်တက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် ပဲခူတိုင်းဒေသကြီးတရားလွှတ်တော်ကို ဆက်တက်ဖို့ ရှေ့နေပါဝါယူရာမှာ မပေးဘဲ အချိန်စွဲထားတယ်လို့လည်း ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

“ပဲခူးတိုင်းဒေသကြီး တရားလွတ်တော်ကို တက်ဖို့တော့ စီစဉ်ထားတယ်။ ဒါပေမယ့် ထောင်မှာ သွားပြီးတော့ အခု အချုပ်ခံနေရတဲ့ ကလေးတွေအတွက်ကို ရှေ့နေ ကိုယ်စားလှယ်လွှဲစာ သွားတယ်။ အဲဒါကို အခုချိန်ထိ ချမပေးသေးဘူး။ သူတို့က နေပြည်တော်အထိတင်ပြီးမှ ပေးမယ်လို့ ပြောတယ်။ ၁ ရက်နေ့က သွားပေးတာ ဒီနေ့ ၈ ရက်နေ့လည်းမရသေးဘူး။ နောက်ဘယ်လောက်ကြာဦးမလဲဆိုတာ မပြောတတ်ဘူး။ ”

ဒီကနေ့ ရုံးထုတ်မှာတော့ ဇီးကုန်းက ကိုတွတ်ဆိုတဲ့ ၀န်းရံပြည်သူက ထောင်တွင်းမှာ ချော်လဲခဲ့လို တရားခွင်အရောက်မှာ သူ့ကို  သာယာဝတီဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ဓာတ်မှန်ရိုက်ရာမှာ နံရိုးမှာ ဒဏ်ရာရတဲ့အတွက် ရန်ကုန် ဆေးရုံကြီးဆီိ ပို့ဆောင်ခဲ့ရပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန့်ကျင် ဆန္ဒပြခဲ့တာကြောင့် သာယာ ၀တီအကျဉ်းထောင်၊ အင်းစိန်နဲ့မြင်းခြံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက် အမှုရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013