DVB Logo
Home
မြန်မာသတင်း
နေကို အသေးစိတ်လေ့လာနိုင်မည့် ကမ္ဘာ့အကြီးဆုံး ဆိုလာတယ်လီစကုပ် (ရုပ်သံ)
DVB
·
September 8, 2015
နေကို အသေးစိတ်လေ့လာနိုင်မည့် ကမ္ဘာ့အကြီးဆုံး ဆိုလာတယ်လီစကုပ် (ရုပ်သံ)
Donate to DVB

ဆောက်လုပ်ပြီးစီးသွားရင်တော့ ဒီ ဆိုလာတယ်လီစကုပ် ဟာ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ် ဖြစ်လာမှာပါ။ ဒီတယ်လီစကုပ်ဟာ သိပ္ပံပညာရှင်တွေအဖို့ နေလုံးကြီးကို မကြုံစဘူးလောက်အောင် အသေးစိတ် လေ့လာခွင့်ရစေမှာ ဖြစ်သလို ဂြိုဟ်တုတွေ၊ ဆဲလ်ဖုန်းတွေနဲ့ ကမ္ဘာ့ဆက်သွယ်ရေး စနစ်တွေအပေါ် နေရဲ့သက်ရောက်ပုံတွေကို ကြိုတင်ဟောကိန်းထုတ်နိုင်စေမှာ ဖြစ်ပါတယ်။ ဒီတယ်လီစကုပ်ကို DKIST လို့ အတိုကောက်ခေါ်ဆိုပြီး မောက်ဝီကျွန်းရဲ့တောင်ထိပ်မှာ တည်ဆောက်နေပါပြီ။

အဆင့်မြင့် အမြင်အာရုံစနစ်တွေနဲ့ ၄ မီတာ အရှည်ရှိတဲ့ ကြည့်မှန်ကို သုံးထားတာမို့ သိပ္ပံပညာရှင်တွေအဖို့ နက္ခတ္တ ရူပဗေဒဓာတ်ခွဲခန်း တခုလိုမျိုး နေ့စဉ် နေမျက်နှာပြင်မှာ ဖြစ်ပျက်နေသမျှကို အသေးစိတ် ကြည့်ရှုနိုင်မယ်လို့ ပရောဂျက်ဒါရိုက်တာ ထောမတ်စ်ရင်မယ်လီက ဆိုပါတယ်။

"ကျနော်တို့အနေနဲ့ အခြေခံရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တွေကို နားလည်လာမှာဖြစ်သလို နောင်ကျရင် အာကာသတွင်း ရာသီဥတု အခြေအနေတွေကို ခန့်မှန်းလာနိုင်တော့မှာပါ။ ကမ္ဘာ့ရာသီဥတုကို ခန့်မှန်းသလိုမျိုး ခုချိန်မှာ ကျနော်တို့ နားမလည်နိုင်သေးပေမယ့် အာကာသတွင်း အခြေအနေကို ဟောကိန်းထုတ်နိုင်စွမ်းတွေ တိုးတက်တီထွင်နိုင်တဲ့အထိ ဖြစ်လာတော့မှာပါ။"

သူပြောတဲ့ အာကာသတွင်း ရာသီဥတုဆိုတာ နေကြတ်နေချိန်မှသာ မြင်ရတဲ့ နေမီးလျှံတွေ၊ ပလာစမာတွေ အလုံးအရင်းလိုက် ထုတ်လွှတ်တဲ့ ဖြစ်စဉ်တွေကို ဆိုလိုတာပါ။ တယ်လီစကုပ်ကို ခုလို တိကျမှုမျိုးပေးနိုင်တဲ့ အားသာချက်တွေအနက် တခုကတော့ ဆံခြည်တမျှင်စာလောက်ပဲ လည်ပတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တနေ့တာအတွင်း နေလုံးရဲ့ပုံရိပ် ခဏခဏထပ်နေတဲ့ အဖြစ်ကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

ခုချိန်မှာ သိပ္ပံပညာရှင်တွေအဖို့ သူတို့ရဲ့ လက်ရှိခန့်မှန်းချက်တွေဟာ တိကျမှုရှိလားဆိုတာ အတည်ပြုနိုင်မယ့်နည်းလမ်း မရှိသေးတဲ့အတွက် ဒီတယ်လီစကုပ်ဟာ သိပ်ကိုအရေးပါတယ်လို့ ပရောဂျက်မန်နေဂျာ ဂျိုးဇက်မက်မူလင်က ဆိုပါတယ်။

"သီဝရီသမားတွေမှာ ခန့်မှန်းမှုတွေ လုပ်နေတဲ့ လက်ရှိမော်ဒယ်တွေက အတည်ပြုဖို့ စစ်ဆေးဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ဒီစကုပ်က ရုပ်အရည်အသွေး အမြင့်ဆုံး အသေးစိတ်ပုံရိပ်တွေ မေးမှာမို့ ကွဲပြားတဲ့ သီဝရီဆိုင်ရာ နမူနာတွေနဲ့ တိုက်ဆိုင်ကြည့်နိုင်တဲ့အတွက် ကျနော်တို့အနေနဲ့ သံလိုက်စက်ကွင်းတွေရဲ့ ရုပ်သဘောတွေနဲ့ သူတို့ကို ဘယ်လိုထုတ်လွှတ်ပြီး နေလုံးရဲ့ မျက်နှာပြင်အလွှာတွေတလျှောက် ဘယ်လိုစိမ့်ဝင်ပျံ့နှံလဲဆိုတာ နားလည်နိုင်မှာ ဖြစ်ပါတယ်။"

သူတို့အဖွဲ့ကတော့ တယ်လီစကုပ် DKIST ကို ၂၀၁၉ ခုနှစ်မှာ စတင်လည်ပတ်နိုင်ပြီ ဆိုတာနဲ့ နေလုံးနဲ့ ပတ်သက်တဲ့ သီဝရီအသစ်တွေ ဖော်ထုတ်နိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013