DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ဥက္ကာပျံဟုယူဆရသော အပိုင်းအစ လောင်ကျွမ်းလွင့်ကျ (ရုပ်သံ)
DVB
·
September 7, 2015
ထိုင်းနိုင်ငံတွင် ဥက္ကာပျံဟုယူဆရသော အပိုင်းအစ လောင်ကျွမ်းလွင့်ကျ (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၇ ရက် မနက် ၈ နာရီ မိနစ် ၄၀ အချိန်လောက်က ဥက္ကာပျံလို့ ယူဆရတဲ့ အပိုင်းအစတွေ လောင်ကျွမ်းလွှင့်ကျခဲ့ပါတယ်။

ကောင်းကင်ပေါ်က ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုနဲ့အတူ အလင်းတန်းကြီးတခု လွှင့်ကျလာတာကို ထိုင်းနိုင်ငံ အလယ်ပိုင်း ဘန်ကောက်ခရိုင် လတ်ဖရောက့်မြို့နယ်၊ နွန်ထပူရီခရိုင်၊ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရာ့ခ်ျဆီမားခရိုင် ဆုန်နိုင်းမြို့နယ် နဲ့ ခန်ထလေးမြို့နယ်၊ ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ကျနပူရီခရိုင် ဆီဆ၀ပ်မြို့နယ်၊ ထိုင်းနိုင်ငံ အရှေ့ပိုင်း ဆာကျောက်မြို့နယ် စတဲ့ဒေသက ပြည်သူတွေ တပြိုင်တည်းလိုတွေ့မြင်ခဲ့ကြတယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကန်ကျနပူရီခရိုင်နေ ပြည်သူတွေကတော့ ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားရပြီး တစ်ခုထက်မကတဲ့ အလင်းတန်းတွေ ဆီဆ၀ပ်မြို့နယ် တောအုပ်ထဲကို ကျသွားတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အောက်ပိုင်း တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ မိုင် ၄၀ လောက်အကွာမှာ လည်း ပေါက်ကွဲသံနဲ့ မီးလောင်နေတဲ့ အရာတခု တောအုပ်ထဲကို ကျသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားနက္ခဗေဒဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆရန်းပိုဆယဂျင်းဒါးကို သနေရှင်းတီဗွီသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အဲဒီ အလင်းတန်းဟာ နေရာအသီးသီးကနေ တချိန်တည်းလို တွေ့မြင်ရတဲ့အတွက် ပေါက်ကွဲမှု တခုတည်းသာ ဖြစ်နိုင်ကြောင်း၊ ဒါဟာ အကာသမှာ ဖြစ်ပွါးလေ့ရှိတဲ့ ဥက္ကာပျံလွင့်ကျတဲ့ ဖြစ်စဉ်တွေဖြစ်ပြီး ထိုင်းနိုင်ငံမှာ ယခင်ကလည်း မကြာခဏ ဖြစ်ဖူးကြောင်း၊ ဥက္ကာပျံဟာ ကမ္ဘာမြေနဲ့ အင်မတန်အလှမ်းဝေးတဲ့ ကောင်းကင်မှာဘဲ ပေါက်ကွဲလွင့်စင်သွား တဲ့အတွက် လူသားတွေအတွက် စိုးရိမ်စရာမရှိဘူးလို့ ဖြေကြား သွားပါတယ်။
ဒီမနက် ကျလာတဲ့ ဥက္ကာပျံ အမြန်နှုန်းဟာ တစ်စက္ကန့်ကို မီတာ ၃၃၀ ရှိကာ အလေးချိန် ကီလိုဂရမ် တော်တော်များမယ်လို့ ဒေါက်တာဆရန်းပိုဆယဂျင်းဒါးက ခန့်မှန်းပြောဆိုပါတယ်။

လေယာဉ်ပျံ ဒါမှမဟုတ် ဂျက်လေယာဉ် ပျက်ကျတယ်လို့ ထင်မြင်ယူဆနေတဲ့ အပေါ်မှာတော့ ဘယ်ဒေသတွေမှာ လေယာဉ်ပျက်သလဲဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေ စစ်ဆေးမှ သိနိုင်မယ်လို့ ဆိုပါတယ်။
ကန်ကျနပူရီခရိုင် အုပ်ချုပ်ရေးမှူးကတော့ ဒေသခံတွေ တိုင်ကြားလာတဲ့ ပေါက်ကွဲမှုဖြစ်ရာ ဘက်ကို သွားရောက်စစ်ဆေးရာမှာ လေယာဉ်ပျက်ကျမှုတွေ မရှိဘူးလို့ သတင်းဌာနတွေကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၈၂၃ ခုနှစ်၊ ၁၉၈၁ ခုနှစ်၊ ၁၉၉၃ ခုနှစ် နဲ့ ၂၀၀၉ ခုနှစ်တွေမှာ စုစုပေါင်း ဥက္ကပျံ ၄ ကြိမ် ကြွေကျခဲ့ဖူးတယ်လို့ သနေရှင်းသတင်းက စုဆောင်းတင်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013