DVB Logo
Home
မြန်မာသတင်း
မီနီဘက်စ်ကားကို သေနတ်သမားများ တိုက်ခိုက်၊ ၁၃ ဦးသေဆုံး (ရုပ်သံ)
DVB
·
September 7, 2015
မီနီဘက်စ်ကားကို သေနတ်သမားများ တိုက်ခိုက်၊ ၁၃ ဦးသေဆုံး (ရုပ်သံ)
Donate to DVB

အာဖဂန်စ္စတန်နိုင်ငံ မြောက်ပိုင်းဒေသမှာ မီနီ ဘက်စ်ကား တစီးကို သေနတ်သမားတွေက တိုက်ခိုက်လို့  အရပ်သား ၁၃ ယောက်သေဆုံးသွားပါတယ်လို့ ရဲအဖွဲ့နဲ့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူတွေ အားလုံးဟာ ရှီယိုက်အနွယ် ဟာဇာနာ တိုင်းရင်းသားတွေ ဖြစ်ပြီး ဆွန်နီ အနွယ်ဝင် တာလီဘန်တွေ ခေတ် ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ် ကာလတွေအတွင်းက ဖိနှိပ်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး စက်တင်ဘာလ ၆ ရက်နေ့မှာ  ဈာပန အခမ်းအနားကို ကျင်းပတဲ့အခါ ဆွေမျိုးသားချင်းတွေ၊ စာနာသူတွေ စုရုံးခဲ့ကြပါတယ်။ အရင်လတုန်းကလည်း နိုင်ငံအရှေ့ပိုင်းဒေသထဲမှာ သေနတ်သမားတွေက  ကားတစီးကို တားခဲ့ပြီး ကားပေါ်ပါတဲ့ ဟာဇာနာ လူမျိုး ၁၂ ယောက်ကို ပြန်ပေးဆွဲခဲ့ပါတယ်။ အဲဒီ အဖြစ်အပျက်မတိုင်ခင် တရက်မှာလည်း အဲဒီ ပြည်နယ်ထဲမှာပဲ တာလီဘန်တွေလို့ ယူဆရသူတွေက ဟာဇာရာ လူမျိုး ၄ ယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။ အခု နောက်ဆုံး အဖြစ်အပျက်က ဘော့ခ်ပြည်နယ်ထဲမှာဖြစ်ပြီး အုပ်ချုပ်ရေးမှူးက စုံစမ်းရေးအဖွဲ့ကို စေလွှတ်ထား တယ်လို့ ပြောပါတယ်။

ပြည်နယ် ရဲမင်းကြီး ဆာရိ ကာမဲ ဆာဒတ်ကလည်း ကနဦး စုံစမ်းမှုတွေအရ လုယက်သူတွေက လူ ၁၃ ယောက်ကို သတ်ဖြတ်ပြီး မိန်းကလေး တယောက်ပဲ အသက်ရှင်တယ်လို့ ပြောပါတယ်။ အာဖဂန် နစ္စတန်မှာ ၂၀၁၅ ခုနှစ် ပထမ ၆ လအတွင်းမှာ  တိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေကြောင့် အရပ်သား ၅ ထောင်သေဆုံးခဲ့ပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ၇၀ ရာခိုင်နှုန်းက တာလီဘန်တွေ လက်ချက်ကြောင့် သေဆုံးခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013