DVB Logo
Home
သတင်းမီဒီယာ
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖော်ပြသည့် ဘန်ကောက်ပို့စ် အချပ်ပိုကို ပိတ်ပင်
DVB
·
June 20, 2011
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖော်ပြသည့် ဘန်ကောက်ပို့စ် အချပ်ပိုကို ပိတ်ပင်
1 / 2
Donate to DVB

မြန်မာပြည်မှာ ဒီလဆန်း​ပိုင်း​ကစတင်ပြီး​ တရား​ဝင်ဖြန့်​ချိခွင့်​ရရှိလာတဲ့​ နိုင်ငံခြား​ သတင်း​စာ ဘန်​ကောက်ပို့​စ်သတင်း​စာပါ SPECTRUM အပတ်စဉ်ထုတ် စာ​စောင်မှာ ​ဒေါ်​အောင်ဆန်း​စုကြည် နဲ့​​ပတ်သက်ပြီး​ ​ဖော်ပြလာတာတဲ့​အတွက် စာ​ပေစိစစ်​ရေး​က ပိတ်ပင်ကန့်​သတ်ခဲ့​ပါတယ်။

ဒီလ ၁၉ ရက်​နေ့​ထုတ် ဘန်​ကောက်ပို့​စ်သတင်း​စာက SPECTRUM အပတ်စဉ်ထုတ် စာ​စောင်မှာ ​ဖော်ပြပါရှိခဲ့​တဲ့​ သတင်း​စာဆရာ၊​ စာ​ရေး​ဆရာ ဖိလ်သွန်တန် (Phil Thornton) ​ရေး​သား​ထား​တဲ့​ “သမိုင်း​တပတ်ပြန်လည်ခြင်း​” (History Repeating) လို့​ အမည်ရတဲ့​ဆောင်း​ပါး​ကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြုတာ​ကြောင့်​ အဲ့​ဒီစာ​စောင်ကို ပိတ်ပင်ကန့်​သတ်ခဲ့​တာလည်း​ဖြစ်ပါတယ်။

မဖြန့်​ချိခင် စာ​ပေစိစစ်​ရေး​မှာ တနာရီကြာ စစ်​ဆေး​မှုခံယူအပြီး​ ပြင်ပ​ဈေး​ကွက်မှာ အဲ့​ဒီစာ​စောင်ကို ထည့်​သွင်း​မဖြန့်​ချိဖို့​ စာ​ပေစိစစ်​ရေး​တာဝန်ရှိသူ​တွေက ပိတ်ပင်ကန့်​သတ်ခဲ့​တာ ဖြစ်ပါတယ်။

ဒီလို ပိတ်ပင်ကန့်​သတ်ခဲ့​တာနဲ့​ ပတ်သက်ပြီး​ အဲ့​ဒီသတင်း​စာ​တွေကို တရား​ဝင်ဖြန့်​ချိခွင့်​ရထား​တဲ့​ Success International Publisher's Distributor ကုမ္ပဏီပိုင်ရှင် ကိုမျိုး​အောင်က အခုလို​ပြောပါတယ်။

“Spectrum တခုကို သူတို့​ခွင့်​မပြုဘူး​။ ဒီမှာမူက​တော့​ သူတို့​ခွင့်​မပြုဘူး​ဆို​တော့​ သူတို့​အပ်လိုက်ရတာကို။ Spectrum တခုပါပဲ။ ကျန်တဲ့​ ဟာ​တွေ​တော့​ ထုတ်​ပေး​လိုက်ပါတယ်။ ကျ​နော်တို့​ နိုင်ငံခြား​သတင်း​စာ စာ​စောင်​တွေ ဘယ်လိုပဲ သွင်း​လာသွင်း​လာ ကျ​နော်တို့​က စာ​ပေစိစစ်​ရေး​နဲ့​ မှတ်ပုံတင်ဌာနခွဲ အကူမရှိဘဲနဲ့​ အပြင်မှာ distribute (ဖြန့်​ဖြူး​ရောင်း​ချခွင့်​) လုပ်လို့​မရဘူး​။”

ဒီဖြုတ်ပယ်ခံလိုက်ရတဲ့​ “သမိုင်း​တပတ်ပြန်လည်​ခြင်း​” (History Repeating) အမည်ရတဲ့​ ​ဆောင်း​ပါး​ထဲမှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ မကြာခင်မှာ စတင်​တော့​မယ့်​ ရန်ကုန်ပြင်ပခရီး​စဉ်​တွေနဲ့​ပတ်သက်ပြီး​ ၂၀၀၃ ခုနှစ်ကကြုံ​တွေ့​ခဲ့​ရတဲ့​ ဒီပဲယင်း​ခရီး​စဉ်လို အသက်အန္တရာယ်ကို စိုး​ရိမ်ရဖွယ် ရှိမလား​လို့​ ​မေး​ခွန်း​ထုတ် ​ရေး​သား​တာတာလည်း​ ဖြစ်ပါတယ်။

ဒါ့​အပြင် ဒီပဲယင်း​ အကြမ်း​ဖက်မှု သတင်း​ဓာတ်ပုံ​တွေနဲ့​ စာမျက်နှာ ​လေး​မျက်နှာအပြင် ​ဒေါ်​အောင်ဆန်း​စုကြည်ပုံနဲ့​တကွ မျက်နှာဖုံး​ဆောင်း​ပါး​အဖြစ် ​ဖော်ပြပါရှိလာတဲ့​ ဒီ SPECTRUM အပတ်စဉ်ထုတ် စာ​စောင်​တွေကို ပြင်ပဖြန့်​ချိခွင့်​ကိုသာ စာ​ပေစိစစ်​ရေး​က ပိတ်ပင်ခဲ့​တာဖြစ်​ပေမယ့်​ အစိုး​ရ အဆင့်​မြင့်​လူကြီး​တွေ အစိုး​ရရုံး​တွေ၊​ သံရုံး​တွေနဲ့​ ကုလသမဂ္ဂအဖွဲ့​ အစည်း​ရုံး​တွေ ဖြန့်​ချိခွင့်​ရရှိတယ်လို့​လည်း​ ကိုမျိုး​အောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ထိုင်း​နိုင်ငံထုတ် ​နေ့​စဉ် အင်္ဂလိပ်သတင်း​စာ​တွေဖြစ်တဲ့​ ဘန်​ကောက်ပို့​စ်နဲ့​ ​နေး​ရှင်း​ သတင်း​စာ​တွေကို ဒီလဆန်း​ပိုင်း​က​နေ စတင်ပြီး​ တရား​ဝင် ဖြန့်​ချိခွင့်​ ​ပေး​ခဲ့​တာဖြစ်ပြီး​ မြန်မာ့​နိုင်ငံ​ရေး​နဲ့​ပတ်သက်ပြီး​ ​ရေး​သား​ဖော်ပြလာ​တွေကို​တော့​ စာ​ပေစိစစ်​ရေး​က အလား​တူ ဖြုတ်ပယ်ကန့်​သက်တာ​တွေ အရင်ကလည်း​ ပြုလုပ်ခဲ့​ဘူး​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013