DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ နာမည်သုံး မဲဆွယ်မှုနှင့်ပတ်သက်ပြီး အကြောင်းကြားစာ ထုတ်ပြန်
DVB
·
September 6, 2015
အန်အယ်လ်ဒီ နာမည်သုံး မဲဆွယ်မှုနှင့်ပတ်သက်ပြီး အကြောင်းကြားစာ ထုတ်ပြန်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ သူတို့ပါတီကို မဲထည့်ရင် အန်အယ်လ်ဒီပါတီကို မဲထည့်တာနဲ့ အတူတူပဲလို့ ပြောဆိုစည်းရုံးမှုတွေ ဖြစ်ပွားနေလို့ ပြည်သူသိအောင် မြို့နယ်ပါတီ အောင်နိုင်ရေးကော်မတီက အကြောင်းကြားစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ အကြောင်းကြားစာနဲ့ပတ်သက်ပြီး မြို့နယ်ပါတီအောင်နိုင်ရေး ကော်မတီအဖွဲ့ဝင် ဦးဝင်းကိုက ခုလို ရှင်းပြပါတယ်။

“ညီညွတ်သော ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရွေးမယ့်သူက အရင်က ကျနော်တို့ပါတီဝင်ဗျ။ နဂိုက လက်ဖက်ရည်ဆိုင် အတူတူထိုင်ခဲ့ကြတာ၊ ဆိုတော့ အခုကျတော့ သူတို့က ကျနော်တို့က အန်အယ်လ်ဒီရဲ့ ၀န်းရံပါတီဖြစ်ပါတယ်၊ ကျောထောက်နောက်ခံပြုပါတယ်၊ ကျနော်တို့ကို ပေးရင်လည်း အန်အယ်လ်ဒီကို ပေးတာပဲ အတူတူပါပဲတို့၊ ဘာတို့ ပတ်ဝန်းကျင်မှာ ပြောနေတဲ့ သတင်းတွေရပါတယ်၊ အဲ့ဒါတွေက မဟုတ်မှန်ဘူး။ အန်အယ်လ်ဒီမှာ ၀န်းရံပါတီ မရှိဘူး၊ ကျန်တဲ့ပါတီကို မဲပေးရင် အန်အယ်လ်ဒီကို ပေးတာ မဟုတ်ပါဘူးဆိုတဲ့ ရှင်းလင်းအကြောင်းကြားစာပါ၊ပါတီဝင်တွေကတဆင့် ပြည်သူ သိအောင်ပေါ့။”

အန်အယ်ဒီပါတီက စစ်ကိုင်းတိုင်းကျွန်းလှမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်မယ့်သူတွေကတော့ ဦးထွန်းဝင်း၊ တိုင်းဒေသကြီး ၁ မှာ ဦးကျော်လင်း၊ အမှတ် ၂ မှာ ဦးလှဖြိုးနဲ့ အမျိုးသားမှာ ဦးဝင်းအောင်တို့ ၀င်ပြိုင်ကြမယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ကျွန်းလှ အပါအ၀င် ရွှေဘိုခရိုင်တခုလုံးရှိ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းအားလုံး လွတ်လွတ်ကင်းကင်း ရွေးကောက်ပွဲဝင်ခွင့်ရကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း စည်းရုံးရေး စတင်နိုင်တဲ့ရက်ကို စက်တင်ဘာ ၈ ရက်လို့  သတ်မှတ်ပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013