DVB Logo
Home
မြန်မာသတင်း
ဆင်ကာကွယ် ထိန်းသိမ်းရေး ပထမဆုံး စတင်လုပ်ဆောင်
DVB
·
September 6, 2015
ဆင်ကာကွယ် ထိန်းသိမ်းရေး ပထမဆုံး စတင်လုပ်ဆောင်
Donate to DVB

ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ နှစ်စဉ် လုပ်ဆောင်နေတဲ့ ဆင်ကာကွယ်ထိန်းသိမ်းရေးလှုပ်ရှားမှုကို မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ စတင်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။

ဆင်ကို ခိုင်းစေဖို့အတွက် ညှန်းပန်းနှိပ်စက်တာ၊ ဆင်စွယ် ကုန်သွယ်ရောင်းဝယ်တာတွေ လျော့နည်းလာအောင် ဒီလှုပ်ရှားမှုကို လုပ်ဆောင်တာပါ။

ဆင်ကာကွယ်ထိန်းသိမ်းရေး လှုပ်ရှားမှုကို တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး နြေ့ဖစ်တဲ့ နှစ်စဉ် အောက်တိုဘာ ၄ ရက်နေ့တိုင်း ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

ဒီနှစ်မှာတော့  Save Elephant Foundation ရဲ့ ကူညီမှုနဲ့  Elephant Foundation Myanmar က  ပထမဆုံးအနေနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆင်ကာကွယ်ထိန်းသိမ်းရေးအနေနဲ့ အများပြည်သူကို အသိပညာပေးလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီနှစ်မှာ  ကနဦးအနေနဲ့    အသိပညာပေး လှုပ်ရှားမှုတွေကို စတင် လုပ်ဆောင်မှာဖြစ်ပြီး နောက်ပိုင်းမှာ Save Elephant Foundation အနေနဲ့ မြန်မာနိုင်ငံမှာ  ဆင်ကာကွယ် ထိန်းသိမ်းရေး စခန်း ဖော်ဆောင်ဖို့အတွက်ကိုလည်း ကူညီပေးသွားမယ်လို့ သိရပါတယ်။

ဆင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုကို  ဆင်မရှိတဲ့ နိုင်ငံတွေပါ ပူးပေါင်း ပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အပြည့်အစုံ ရုပ်သံ ကြည့်ရှုရန် -အာကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013