DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသား အလုပ်သမားများ၏ မိသားစု ခေါ်ယူခွင့် ပိတ်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြော
DVB
·
September 6, 2015
နိုင်ငံခြားသား အလုပ်သမားများ၏ မိသားစု ခေါ်ယူခွင့် ပိတ်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြော
Donate to DVB

ထိုင်းနိုင်ငံမှာ ပြောင်းရွှေ့အလုပ်လုပ်သူတွေက သူတို့ ဆွေမျိုးသားချင်းတွေကို ခေါ်ယူတဲ့ အစီအစဉ်ကို ၂၀၁၇ နှစ်ဆန်းက စလို့ ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

အလုပ်မလုပ်ဘဲ မှီခိုအနေနဲ့ ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ နိုင်ငံခြားသား အလုပ်သမားတွေရဲ့ ဇနီးနဲ့ သားသမီးတွေအတွက် ကျန်းမာရေးနဲ့ ပညာရေး အာမခံတွေဟာ ထိုင်းအစိုးရအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ သဘောမျိုး ပရာယွတ် ချန်အိုချာက ပြောသွားပါတယ်။

CLMTV လို့ အတိုကောက်ခေါ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့က အလုပ်သမားတွေ ပူးဆောင်ရွက်မှု မြှင့်တင်ရေး ညီလာခံမှာ အခုလို ပြောကြားလိုက်တာပါ။

စက်တင်ဘာ ၄ ရက်နေ့ ကျင်းပတဲ့ ညီလာခံကို ဒေသတွင်း နိုင်ငံတွေက ၀န်ကြီးအဆင့် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သမား လက်မှတ်အသစ်တွေကို ထုတ်ပေးနိုင်ဖို့  နိုင်ငံသား စိစစ်တဲ့ လုပ်ပငန်းကိုလည်း သက်ဆိုင်တဲ့ နိုင်ငံကပဲ လုပ်ရမယ်လို့ ထိုင်ဝန်ကြီးချုပ်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013