DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ ၀င်ခွင့်ရ ကိုယ်စားလှယ်လောင်းများစာရင်း ကော်မရှင်ကြေညာ
DVB
·
September 5, 2015
ရွေးကောက်ပွဲ ၀င်ခွင့်ရ ကိုယ်စားလှယ်လောင်းများစာရင်း ကော်မရှင်ကြေညာ
Donate to DVB

၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲဝင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးတွေမှာ ဒီနေ့ကစပြီး ထုတ်ပြန်ကြေညာပေးထားတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။

“လွတ်လွတ်ကျွတ်ကျွတ်သမားတွေကိုတော့ သေချာပေါက် အကုန်ကပ်ထားပေးပြီ၊ ပယ်ထားတဲ့လူတွေကတော့ အယူခံ ၀င်မထားဘူးဆိုရင် သူတို့ မပါတော့ဘူး၊ အယူခံဝင်ထားတဲ့လူတွေထဲက အယူခံကို လက်ခံထားတဲ့သူတွေ ပါမယ်၊ အယူခံကို တိုင်းက လက်မခံဘူး၊ ငြင်းပယ်တယ်ဆိုရင်တော့ မပါနိုင်တော့ဘူးလေ။”

ရွေးကောက်ပွဲဝင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို တတိုင်းပြည်လုံးအနေအထားနဲ့ ဒီနေ့ကစပြီး ကပ်ထားပေးတယ်လို့လည်း ပြောပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးတွေမှာ ထုတ်ပြန်ပေးထားပြီး တိုင်းရင်းသားကိုယ်စားလှယ်လောင်း စာရင်းတွေကိုတော့ ပြည်နယ်တိုင်း ကော်မရှင်ရုံးတွေမှာ ကြေညာပေးထားတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း စိစစ်ခြင်းလုပ်ငန်းကို သြဂုတ် ၁၈ ရက်ကနေ ၃၁ ရက်ထိ ပြုလုပ်ခဲ့ပြီး ဒီနေ့မှာ အခုလို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၅ ရက်ကစပြီး သက်ဆိုင်ရာကော်မရှင်ရုံးတွေမှာ ဆက်တိုက် ကြေညာကပ်ထားပေးမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ကော်မရှင်ထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုယ်စားလှယ်လောင်း ၈၈ ဦး အပယ်ခံထားရပြီး အများဆုံးအပယ်ခံရတာက ရခိုင်က ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော် အမည်စာရင်းတင်သွင်းခဲ့ကြပြီး ဒါဟာ ရွေးကောက်ပွဲသမိုင်းတလျှောက် အရေအတွက် အများဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013