DVB Logo
Home
မြန်မာသတင်း
လုယက်ရမ်းကားမှု ပိုများလာသဖြင့် ပြန်လွတ်လာသူများကို ပြုပြင်ထိန်းသိမ်းသင့်
DVB
·
September 5, 2015
လုယက်ရမ်းကားမှု ပိုများလာသဖြင့် ပြန်လွတ်လာသူများကို ပြုပြင်ထိန်းသိမ်းသင့်
Donate to DVB

အစိုးရလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာတဲ့သူတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ရေရှည်စီမံကိန်းအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောပါတယ်။

အစိုးရလွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၅၀၀၀ ကျော် ပြန်လည်လွတ်ပေးပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်း လုယက်မှု ရမ်းကားမှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း ရန်ကုန်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီး ပြစ်မှုကျူးလွန်ရာက လွတ်မြောက်နေတဲ့  တရားခံပြေးတယောက်ကို ဖမ်းတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို တရားခံပြေးက ဓားနဲ့ ထိုးလို့ ၂ ဦးလုံး သေဆုံးခဲ့ပါတယ်။

ဒီလိုလွတ်မြောက်လာတဲ့သူတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အတွက် ရေရှည်စီမံကိန်းတခုအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က သုံးသပ်ပြောကြားပါတယ်။

“လွတ်ငြိမ်းချမ်းသာ ပေးတာ မပေးတာထက် ဆိုးတဲ့သူက ဆိုးတာပဲ။ မဟုတ်တာလုပ်တဲ့သူက လုပ်တာပဲ။ ဒါကို ပြုပြင်ထိန်းသိမ်းဖို့အတွက် နိုင်ငံမှာက လူဆိုး၊ သူခိုးပျောက်ဖို့အတွက် ရေရှည်စီမံကိန်းအနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဆက်စပ်မှု ရှိသလားဆိုရင် ရှိပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသား ၅၀၀၀ ထောင်ကျော်ထဲမှာ နိုင်ငံရေးသမား ပါဝင်မှု နည်းပါးနေပါသေးတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ နောက်ဆက်တွဲကတော့  မှုခင်းဖြစ်တာတွေ ပိုများလာပြီး၊ ဒီအခြေအနေကို ရဲတပ်ဖွဲ့အနေနဲ့ စနစ်တကျ ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ကိုကိုးကျွန်းကို နှစ်ကြီးပို့ခံရသူ နိုင်ငံရေးအကျဉ်းသမားဟောင်းကြီး ဦးဖေအောင်က ပြောပါတယ်။

“ဒီနေ့ လွှတ်နေတယ်ဆိုတာက ပြည်သူတွေကို လိမ်ညာဖို့အတွက်၊ ပြည်သူတွေ ဒုက္ခရောက်သထက်ရောက်အောင်၊ ဆင်းရဲတွင်းထဲ နက်သထက်နက်အောင်၊ ရာဇ၀တ်မှုတွေ ပိုမိုပြီး ထူပြောသထက် ထူပြောအောင် ဒါဟာ သူတို့ မျက်နှာလုပ်ချင်တဲ့ နိုင်ငံအတွက်လုပ်တဲ့ လိမ်လည်ချက်တခုပဲလို့ အဘက ပြောချင်တယ်။”

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၂၀၁၃ ခုနှစ် ဧပြီ ၁၃ ရက်မှာ အကျဉ်းသား ၆၉ ဦး၊ ၂၀၁၃ ခုနှစ် မေ ၁၇ ရက်မှာ ၂၃ ဦး၊ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်မှာ  တနိုင်ငံလုံးက အကျဉ်းသား ထောင်ဂဏန်းခန့် နဲ့  ၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ ရက်မှာတော့ ရာဇ၀တ် အကျဉ်းသား အများစုပါဝင်တဲ့ အကျဉ်းသား ၆၉၀၀ ကျော်ကို သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဖြစ်ပါတယ်။

ခိုင်ပန်းနု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013