DVB Logo
Home
မြန်မာသတင်း
အချိန်မတိုင်မီ မဲဆွယ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ၃ ဦးကို ကော်မရှင်ထံ တိုင်မည်
DVB
·
September 5, 2015
အချိန်မတိုင်မီ မဲဆွယ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ၃ ဦးကို ကော်မရှင်ထံ တိုင်မည်
1 / 6
Donate to DVB

ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း အပါအ၀င် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၃ ဦးဟာ သတ်မှတ်ချိန်မတိုင်မီ မဲဆွယ်တဲ့အတွက် နေပြည်တော်အန်အယ်လ်ဒီပါတီက  ရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းဖို့ လုပ်ဆောင်နေပါတယ်။

နေပြည်တော်ကောင်စ်ီနယ်မြေ၊ ဇေဖျာသီရိမြို့နယ်၊ ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း၊ ပုပ္ဗသီရိမြို့နယ်ကိုယ်စားလှယ်လောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်နဲ့ လက်ရှိ စိုက်ပျိုးရေးဝန်ကြီးလည်းဖြစ် ဒက္ခိဏသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းလည်း ဖြစ်တဲ့ ဦးမြင့်လှိုင်တို့ ၃ ဦးကို တိုင်ကြားသွားမှာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်တွေကို မလိုက်နာ ချိုးဖောက်ပြီး မဲဆွယ်ခဲ့ကြတဲ့အတွက် ကော်မရှင်ကို တိုင်မှာလို့ ဥတ္တရသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

“အငြိမ်းစားဗိုလ်ချုပ်ကြီး လှဌေးဝင်းက ၂၉ ရက်၊ ၈လ၊ ၂၀၁၅ ခုက ဇေဖျာသီရိမြို့နယ်၊ ကျောက်ချပ်ကျေးရွာမှာ ကျောက်ချပ်ကျေးရွာသူ ကျေးရွာသားတွေကို တပ်မတော်ကုတင် ၁၀၀၀ စစ်ဆေးရုံက ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို ခေါ်လာပြီးတော့ မျက်စိခွဲစိတ်ကုသပေးတယ်ဆိုတဲ့ကိစ္စကို ဆောင်ရွက်ပါတယ်။ ဒီဥစ္စာက ကောင်းမွန်သောလုပ်ရပ် ဖြစ်သော်လည်း ဒါဟာ မဲဆွယ်စည်းရုံးတဲ့ သဘောမျိုး ရောက်နေတယ်လို့ မှတ်ယူလို့ရတဲ့အတွက် ဒီအပေါ်မှာ တင်ပြတိုင်တန်းမှုတခု အနေနဲ့ ပါပါတယ်။”

အလားတူ ဦးဝေလွင်ဟာ ပုပ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာအပါအ၀င် ရွာတချို့ လျှပ်စစ်မီးလင်းရေးအတွက်ဆိုပြီး ငွေကျပ်သိန်းပေါင်း ၆၀၀ ကျော် ပေးခဲ့တယ်။ ဒါဟာ မက်လုံးပေး မဲဆွယ်တာပဲဖြစ်လို့ တိုင်တယ်၊ ၀န်ကြီး ဦးမြင့်လှိုင်လည်း သူ့ကိုယ်စားလှယ်ကတဆင့် စက်တင်ဘာ ၄ ရက်မှာ မဲဆွယ်တဲ့ လက်ကမ်းစာစောင်တွေဝေတာ၊ ထီးဖိနပ်ဝေတာတွေ လုပ်ခဲ့လို တိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ဝေခဲ့တဲ့ စာစောင်တခုမှာ ဦးဝေလွင်က ကျေးရွာတွေ မီးလင်းဖို့ သူ စေတနာနဲ့ လှူတာဖြစ်ပြီး မဲဆွယ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

အန်အယ်ဒီပါတီက တိုင်တန်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး သူတို့ ၃ ဦးလုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို စက်တင်ဘာ ၈ ရက်ကျမှ စတင် မဲဆွယ်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - နေဖြိုးဝင်း

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013