DVB Logo
Home
မြန်မာသတင်း
၃၆၀၀ ကျပ် သတ်မှတ်ပြီးနောက် အလုပ်သမား ၅၀၀ ကျော် လျှော့ချခံရ
DVB
·
September 5, 2015
၃၆၀၀ ကျပ် သတ်မှတ်ပြီးနောက် အလုပ်သမား ၅၀၀ ကျော် လျှော့ချခံရ
Donate to DVB

အစိုးရက အနည်းဆုံးအခကြေးငွေ တရက်ကျပ် ၃၆၀၀ သတ်မှတ်လိုက်ပြီးတဲ့နောက် လှိုင်သာယာနဲ့ ရွှေပြည်သာအထည်ချုပ်စက်ရုံတချို့က အထည်ချုပ်အလုပ်သမား ၅၀၀ ကျော် လျှော့ချခံခဲ့ရတယ်လို့ အလုပ်သမားရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

လှိုင်သာယာအလုပ်သမားအရေး လုပ်ဆောင်နေသူ ရှေ့နေဦးဌေးက လှိုင်သာယာက  အထည်ချုပ်စက်ရုံ ၂ ခုမှာတင် အလုပ်သမား ၅၀၀ ကျော် အလုပ်က ရပ်စဲလိုက်တယ်လို့ ပြောပါတယ်။

“၂ ရုံပေါင်းဆိုရင် အနည်းဆုံး အလုပ်သမား ၅၀၀ ကျော်ရှိမယ်၊ မြန်မာစံပယ်ပွင့်နဲ့ မြန်မာပုလဲ၊ ပိုင်ရှင်က ၁ ယောက်တည်းပဲ။ စံပယ်ပွင့်ကတော့ နစ်နာကြေးတွေ ပေးပြီးသွားပြီ၊ မြန်မာပုလဲကတော့ မနေ့ကကြားတာ ဆန္ဒပြနေတယ်။ ၃၆၀၀ မတိုင်မီက အာရှနှင်းဆီစက်ရုံက ၉၀ ကျော် လျှော့ချတယ်၊ ရွှေဆန်းရီက ၉၇ ယောက် အလုပ်က ရပ်စဲလိုက်တယ်။”

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားရေးတာဝန်ခံ ဒေါ်မာမာဦးကလည်း အလုပ်သမားလျှော့ချတဲ့သတင်း မှန်တယ်လို့ ပြောပါတယ်။

“မှန်ပါတယ်၊ လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်တွေမှာ ကျမ ကြားသလောက်တော့ လူ အယောက် ၅၀၀ လောက်တော့ အလုပ်ထုတ်ခံရတယ်၊ စက်ရုံက လုပ်ခလစာ ၃၆၀၀ ပေးပြီးတော့ အလုပ်သမားလျှော့ချတာပါ။”

လုပ်ငန်းရှင်တွေဘက်မှာ လျှပ်စစ်မီး မရတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ အခွန်အခတွေမြင့်တာ၊ အစိုးရဆီက အတိုးနှုန်း နည်းနည်းနဲ့ ငွေချေးမရတာ စတဲ့ အခက်အခဲတွေ ရှိတာမှန်ပေမယ့် ဒီပြဿ နာကို အလုပ်ရှင်နဲ့ အစိုးရပဲ ညှိနှိုင်းဖြေရှင်းရမှာ ဖြစ်တယ်။ အလုပ်သမားလုပ်ခလစာ တရက် ကျပ် ၃၆၀၀ ကတော့ ပေးကိုပေးသင့်တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ  အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းပြီး ထွက်သွားမယ့် အနေအထား မတွေ့ရသေးပါဘူး။

အစိုးရက သတ်မှတ်ပေးတဲ့ အနည်းဆုံးအခကြေးငွေ တရက်လုပ်ခ ၃၆၀၀ ကျပ်နှုန်းထားကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး ခံစားခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနှုန်းထားဟာ နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲဘဲ ရကြမှာပါ။ ၂ နှစ်ကျော်ကြာ အချိန်ယူ ကြိုးပမ်းခဲ့ပြီးနောက် သတ်မှတ်ခဲ့တဲ့ ဒီနှုန်းထားဟာ လုပ်သား ၁၅ ဦးအောက် လုပ်ငန်းတွေနဲ့ မိသားစုတပိုင်တနိုင် လုပ်ငန်းတွေမှာ အကျုံးမ၀င်ဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013