DVB Logo
Home
မြန်မာသတင်း
3D ပရင်တာမှထွက်သည့် နိုင်လွန်မှုန့်ဖြင့် ပြုလုပ်ထားသည့် ပရိဘောဂ (ရုပ်သံ)
DVB
·
September 7, 2015
3D ပရင်တာမှထွက်သည့် နိုင်လွန်မှုန့်ဖြင့် ပြုလုပ်ထားသည့်  ပရိဘောဂ (ရုပ်သံ)
Donate to DVB

အသုံးဝင်တဲ့ ခုလို အပျံစား ပရိဘောဂ တွေကို ပစ္စည်းအကြွင်းအကျန်တွေနဲ့ ထုတ်လုပ်ထားတာပါ။ ဒီခွေးခြေခုံလေးတွေ ဆိုရင် 3D ပရင်တာက ထွက်လာတဲ့ နိုင်လွန်မှုန့်တွေနဲ့ ဖန်တီးထားတာပါ။ လျှပ်စီးကြောင်းတခုကို လေဆာအပူတိုက်ရာမှာ ကြွင်းကျန်ရစ်တဲ့ အမှုန့်တွေထဲမှာ မြှုပ်ထားတဲ့ ၀ါယာကြိုးတွေထဲကို ဖြတ်သန်းစေပါတယ်။

"တိုးတက်ဖန်တီးခဲ့တဲ့ ကာလအတွင်း အပူတိုက်ထားတဲ့ ၀ါယာတလျှောက် အရည်ပျော်နိုင်တဲ့ ပလတ်စတစ် အမျိုးမျိုးနဲ့ စမ်းသပ်ခဲ့တယ်။ မကြာခင်မှာဘဲ လေဆာအပူတိုက်စနစ်သုံး 3D ပရင်တာကနေ အလေအလွင့်တွေ အများကြီး ထွက်နေတာကို တွေ့လိုက်ရပါတယ်။"

အင်္ဂလိပ်လူမျိုး ဘွဲ့ရတွေဖြစ်တဲ့ ဖေဘီယိုဟင်ဒရီနဲ့ ဆီအွန်ဂစ်လ်ချွိုင်တို့ ၂ ဦးဟာ ပရိဘောဂတွေ ဖန်တီးနိုင်မယ့်နည်းလမ်းကို တီထွင်ခဲ့ပါတယ်။ သူတို့က နစ်ကယ်အခြေပြု နီခရုမ်းဝါယာမျှင်တွေ သုံးပြီး ပုံသွင်းပါတယ်။ ပြီးမှ ဒီဝါယာပုံစံခွေကို ဆီလီကာသဲနဲ့ ပရင်တာကကျတဲ့ ပေါင်ဒါမှုန့်ရဲ့ အရောအစပ်တွေ ထည့်ထားတဲ့ ခွက်ထဲမှာ တပ်ဆင်လိုက်ပါတယ်။ လျှပ်စီးကြောင်းက နီခရုမ်းမျှင်ကို ၅၀၀ ဒီဂရီ ဆဲလ်စီးယပ်ထိ ပူလာစေတာမို့ ဒြပ်နှောတွေ အရည်ပျော်ကာ တသားတည်း ရောစပ်ပြီး အခဲအသွင် ဖြစ်သွားပါတော့တယ်။

"ပြင်ဆင်ရ လွယ်ကူပြီး အရမ်းမြန်တယ်။ ၀ါယာခွင်ဖော်ပြီးတာနဲ့ ဒြပ်နှောထည့် မိနစ် ၂၀ အပူပေးလိုက်ရုံပဲ။ ပြီးရင်တော့ အရမ်းကို မာကျောတဲ့ အသုံးဝင် ပရိဘောဂတခု ရတာပေါ့။"

ပညာရှင် ၂ ဦးကတော့ သူတို့ရဲ့တီထွင်မှုဟာ 3D ပရင်တာက ထွက်လာတဲ့ ရီဆိုက်ကယ် မလုပ်နိုင်တဲ့ မနှစ်မြို့စရာ ဘေးထွက်ပစ္စည်းတွေကို အဆုံးသတ်ပစ်နိုင်မယ်လို့ ဆိုပါတယ်။ အကယ်၍ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ ပေါ်လာခဲ့ရင် ပရိဘောဂပစ္စည်းတွေကို အကြီးအကျယ် ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013