DVB Logo
Home
မြန်မာသတင်း
3D ပရင်တာဖြင့် အလွယ်တကူထုတ်လုပ်နိုင်မည့် ရေတပ်သုံး ဒရုန်းယာဉ် (ရုပ်သံ)
DVB
·
September 6, 2015
3D ပရင်တာဖြင့် အလွယ်တကူထုတ်လုပ်နိုင်မည့် ရေတပ်သုံး ဒရုန်းယာဉ် (ရုပ်သံ)
Donate to DVB

တိုက်သင်္ဘောရဲ့ ပင့်တင်ကိရိယာကနေ ပစ်ထုတ်လိုက်တဲ့ ဒီလို ဒရုန်းယာဉ် တွေကို မကြာခင်မှာ ရေတပ်အတွက် လက်နက်သစ်တွေအဖြစ် 3D ပရင်တာနဲ့ ပင်လယ်ပြင်မှာတင် ထုတ်လုပ်နိုင်တော့မှာပါ။ ဒီဒရုန်းယာဉ်ကို ဆောက်သမ့်ပတန်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး တော်ဝင်ရေတပ်က မာဆီသင်္ဘောပေါ်မှာတင် စမ်းသပ်ခွင့်ပြုခဲ့ပါတယ်။ သူတို့ကလည်း ဒီလို မောင်းသူမဲ့ ဒရုန်းယာဉ်တွေကို ပင်လယ်ပြင်မှာတင် ကုန်ကျစရိတ်နည်းနည်းနဲ့ ထုတ်လုပ်ပြီး အလွယ်တကူ တပ်ဆင်နိုင်တယ် ဆိုတာကို လက်တွေ့ပြချင်နေကြတာပါ။

လေထုထဲကို ပစ်တင်လိုက်တာနဲ့ ဒီဒရုန်းယာဉ်တွေက ပရိုဂရမ် ကြိုသွင်းထားတဲ့ လမ်းကြောင်းအတိုင်း အင်္ဂလန်တောင်ပိုင်းက ကမ်းလွန်ပင်လယ်ပြင်တလျှောက် အလိုအလျောက် ပျံသန်းပါတော့တယ်။ နိုင်လွန်မှုန့်တွေကို လေဆာရောင်ခြည်နဲ့ အခဲဖြစ်အောင် ပေါင်းစပ်ပေးနိုင်တဲ့ 3D ပရင်တာနဲ့ ကိုယ်ထည်အစိတ်အပိုင်းတွေကို ထုတ်လုပ်တာပါ။ ကိုယ်ထည်မှာ အဓိကအစိတ်အပိုင်း ၄ ခုပါဝင်ပြီး ဘာကိရိယာမှ မလိုဘဲ မိနစ်ပိုင်းအတွင်း တပ်ဆင်နိုင်ပါတယ်။ ကင်းထောက်လုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သူ့ရဲ့မြန်နှုန်းနဲ့ အဆင်ပြေ ချောမွေ့မှုကတော့ ရေတပ်သင်္ဘောတွေအတွက် အဖိုးမဖြတ်နိုင်အောင်ပါပဲ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013