DVB Logo
Home
မြန်မာသတင်း
ရေထုအရည်အသွေး စောင့်ကြည့်မည့် ငန်းစက်ရုပ် (ရုပ်သံ)
DVB
·
September 6, 2015
ရေထုအရည်အသွေး စောင့်ကြည့်မည့် ငန်းစက်ရုပ် (ရုပ်သံ)
Donate to DVB

သူ့ကြည့်ရင်တော့ ငှက်တကောင်လို့ ထင်ရပေမယ့် တကယ်တော့ စက်ရုပ်တရုပ်ပါ။ NuSwan (နူစွမ်း) လို့ခေါ်တဲ့ ဒီစက်ရုပ်ကို စင်ကာပူက ရေလှောင်ကန်တွေမှာ ရေထုအရည်အသွေးကို စောင့်ကြည့်ဖို့ ဒီဇိုင်းထုတ်ခဲ့တာပါ။ နူစွမ်းကို တီထွင်သူတွေက ဒီစီမံကိန်းကို လွန်ခဲ့တဲ့ ၆ နှစ်က စတင်ခဲ့တာပါ။ မူလတုန်းကတော့ ရေအရည်အသွေးကို စောင့်ကြည့်စစ်ဆေးဖို့ ရေအောက်မှာ အလိုအလျောက် သွားနိုင်တဲ့ ယာဉ်တွေကို တည်ဆောက်ဖို့ပါ။ ဒါပေမယ့် သုတေသနမှူး မန်ဒါချီတာကတော့ လက်ရှိ အခြေခံ အဆောက်အဦကို ဆက်သုံးနိုင်မယ့် ရိုးရှင်းတဲ့အဖြေကို ရှာဖွေချင်သူပါ။ ဒါကြောင့် သူ့မှာ ရေပေါ် ပေါ်နိုင်မယ့် စက်ရုပ်တရုပ် လိုအပ်လာခဲ့ပါတယ်။

"ရေပြင်ပေါ်က ငန်းတွေဟာ လက်ရှိ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ဂျီပီအက်စ်တွေ၊ ဆယ်လူလာကွန်ရက်တွေကို သုံးနိုင်ပါတယ်။ ကျနော်တို့အနေနဲ့ သူတို့ကိုယ်ပေါ်မှာ ဆင်ဆာအမျိုးမျိုး တပ်ပေးလိုက်ရုံနဲ့ တပတ်လုံး ၂၄ နာရီ စောင့်ကြည့်တာဝန်ပေးလို့ ရသွားပါပြီ။"

ဒီစက်ရုပ်ဟာ ဆင်ဆာအမျိုးမျိုးသုံးပြီး ရေထုရဲ့ အက်ဆစ်ဂုဏ်သတ္တိ အောက်ဆီဂျင်နဲ့ ကလိုရိုဖီးလ် ပါဝင်နှုန်းတွေကို အချိန်နဲ့တပြေးညီ စုဆောင်းနိုင်သလို အသေးစိတ်စစ်ဆေးဖို့ ရေနမူနာတွေကိုလည်း ကောက်ယူနိုင်ပါတယ်။ နူစွမ်း ငန်းစက်ရုပ်ဟာ သူ့ဘာသာ အလုပ်လုပ်နိုင်သလို စာသားမက်ဆေ့ခ်ျ ပို့ပြီးတော့လည်း ညွှန်ကြားနိုင်ပါတယ်။ ချီတာကတော့ ဒီငန်းစက်ရုပ်မတိုင်ခင်က သူ့ရဲ့စက်ရုပ်ဟာ သိပ်ကို အရုပ်ဆိုးတဲ့ ဘဲတကောင်နဲ့  တူတယ်လို့ ဆိုပါတယ်။

"ငန်းစက်ရုပ်မလုပ်ခင်က ဘဲပုံလုပ်မယ်ဆိုပြီး စိတ်ကူးရတာ။ ဘဲစက်ရုပ်ရဲ့ ပထမအဆင့်မှာတုန်းက ကျနော်တို့လုပ်ချင်တဲ့ လုပ်ငန်းအတွက် အရွယ်အစား သိပ်ငယ်လွန်းနေတယ်။ ဒါနဲ့ ငန်းရုပ်မှပဲ အဆင်ပြေမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။ ငန်းက ရေကြည်ရေသန့်ကိုကြိုက်တော့ လူတွေက နှစ်သက်တယ်။ ဒီလူတွေစိတ်ထဲမှာ ငန်းတွေကို တွေ့လိုက်တာနဲ့ ဒီရေတွေ သန့်မှာပဲလို့ ယူဆသွားတတ်တယ်။"

ဒီစီမံကိန်းက စင်ကာပူနိုင်ငံရဲ့ ရေထောက်ပံ့ရေးစနစ်အတွက်တင် အကျိုးဖြစ်ထွန်းတာ  မဟုတ်ပါဘူး။ နောက်ထပ်စမ်းသပ်မှုနည်းနည်း လုပ်ပြီးရင်တော့ ဒီစက်ရုပ်ငန်းတွေဟာ တရုတ်ပြည်ရဲ့ အကြီးဆုံး ရေလှောင်တမံကြီးကို စောင့်ကြည့်စစ်ဆေးဖို့နဲ့ နူစွမ်းငန်းစက်ရုပ်တွေရဲ့ ရေပေါ် ပေါ်နိုင်စွမ်းကို သရုပ်ပြဖို့ မြောက်ပိုင်းကို ခြေဆန့်ကြဦးမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013