DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးကိုယ်စားလှယ်လောင်း ၈၀၀ ကျော် ရွေးကောက်ပွဲ ၀င်ပြိုင်မည်
DVB
·
September 4, 2015
အမျိုးသမီးကိုယ်စားလှယ်လောင်း ၈၀၀ ကျော် ရွေးကောက်ပွဲ ၀င်ပြိုင်မည်
1 / 2
Donate to DVB

နိုဝင်ဘာလ ရွေးကောက်ပွဲ ၀င်ဖို့ အမည်စာရင်းသွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်ထဲမှာ အမျိုးသမီး အရေအတွက် ၈၀၀ ကျော် ပါဝင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ကိုးကားပြီး သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။

သြဂုတ် ၂၀ ရက် ကော်မရှင်က ထုတ်ပြန်ထားတဲ့  လွှတ်တော်ကိုယ်စားလှယ်လောင်း  စာရင်းအရ ပြည်သူ့လွှတ်တော်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၂၈ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၂၂ ဦးနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၄၅၄ ဦး ရှိတယ်လို့ ဆိုပါတယ်။

ပါတီတွေထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၆၈ ဦးနဲ့ အများဆုံးပါဝင်ပြီး အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၇၂ ဦး ပါဝင်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေထက် အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက် ပိုမိုပါဝင်လာတာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော်ဝင်ပြိုင်တဲ့အထဲ အမျိုးသမီး ၁၀၁ ဦး ပါဝင်ပြီး ၄၅ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၆ ဦး ၀င်ပြိုင်ခဲ့ပြီး ၁၃ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

လက်ရှိ လွှတ်တော် ၃ ရပ်စလုံးပေါင်းမှ အမျိုးသမီးအမတ်စုစုပေါင်း ၅၃ ဦးသာရှိပြီး အမျိုးသမီးပါဝင်မှု ပြည်သူ့လွှတ်တော်မှာ ၅ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်မှာ ၂ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်မှာ ၂ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013