DVB Logo
Home
မြန်မာသတင်း
ဦးနှောက်လှိုင်း သုံးပြီး ရုပ်ရှင်ဇာတ်အိမ်ကို လိုသလို ချယ်လှယ်နိုင်တော့မည် (ရုပ်သံ)
DVB
·
September 5, 2015
ဦးနှောက်လှိုင်း သုံးပြီး ရုပ်ရှင်ဇာတ်အိမ်ကို လိုသလို ချယ်လှယ်နိုင်တော့မည် (ရုပ်သံ)
Donate to DVB

အသံထွက်ရုပ်ရှင်၊ ရောင်စုံရုပ်ရှင်အဆင့်ကနေ 3D ရုပ်ရှင်နဲ့ ရွေ့လျားထိုင်ခုံတွေထိ တိုးတက်လာတဲ့ ရုပ်ရှင်လုပ်ငန်းဟာ အားပါတဲ့ နောက်ထပ်ဖြစ်ထွန်းမှုတွေကို အမြဲရှာဖွေနေတာပါ။ ခုတော့ စမ်းသပ်ရုပ်ရှင်ကားတိုလေးကို ကြည့်ရှုသူအဖို့ ပိတ်ကားပေါ်မှာ ဘာတွေမြင်ရမလဲ ဆိုတာကို ဦးနှောက်လှိုင်း ကတဆင့် ထိန်းချုပ်နိုင်ပါပြီ။ စကန်နာစ် (Scanners) လို့ခေါ်တဲ့ ဒီစနစ်မှာ ကြိုးမဲ့ခေါင်းစွပ် သုံးထားတာမို့ ဦးနှောက်လှိုင်းတွေကိုသုံးပြီး မသိစိတ်နဲ့ကို ရုပ်ရှင်ရဲ့ဇာတ်အိမ်ကို လိုသလို ချယ်လှယ်နိုင်တော့မှာပါ။

"စကန်နာစ်ဟာ ရုပ်ရှင်ပလက်ဖောင်းတခု ဖြစ်ပါတယ်။ သူက လူ့ရဲ့ ဦးနှောက်လှိုင်းတွေဆီက တကယ့်အချက်အလက်တွေကိုသုံးပြီး ရုပ်ရှင်ကို ဖြတ်တောက်ပေါင်းစပ်နိုင်တယ်။ နှစ်လမ်းသွား စနစ်ပေါ့။ ကိုယ်ပြောင်းထားတဲ့ ရုပ်ရှင်ကို ကြည့်ရင်းနဲ့ ရုပ်ရှင်က ကိုယ့်အတွေးကို ပြန်ပြောင်းပေးနိုင်တဲ့ စနစ်ပါ။"

ဒီစနစ်မှာ ဘဲဥပုံခေါင်းစွပ်ကိုသုံးပြီး ၀တ်ဆင်သူရဲ့ ဦးနှောက်လှိုင်းတွေကို ဖတ်ပါတယ်။ နဖူးပေါ်က ဆင်ဆာကတော့ ကြွက်သားနဲ့ ဦးနှောက်လှိုင်း အချက်အလက်တွေကို ဖမ်းယူနေသလို နားဖုပေါ်က ဆင်ဆာကလည်း ကြွက်သားဆိုင်ရာ သတင်းအချက်အလက်တွေကို ဖတ်နေပါတယ်။ ရလာတဲ့ အချက်အလက်ကိုမှ ခေါင်းဆောင်းထဲက ပရော်ဆက်ဆာက ကြွက်သားအချက်ပြ လျှပ်စစ်တွေကို ခွဲခြားပြီး ဦးနှောက်လှိုင်းတွေကို ဖော်ထုတ်ပေးပါတယ်။ စကန်နာစ်ကတော့ ဖန်တီးနိုင်စွမ်းနဲ့ တရားမှတ်ရာမှာ အရေးကြီးတဲ့ ဦးနှောက်ရဲ့ အယ်လ်ဖာလှိုင်းတွေကိုပဲ အဓိက ဖမ်းယူတာပါ။ ၁၅ မိနစ်စာရှိတဲ့ ဒီရုပ်ရှင် ကြည့်ရှုသူတွေအဖို့ လိုသလိုပြောင်းလဲနိုင်မယ့် ဇာတ်ကားအပိုင်းပေါင်းများစွာ လိုနေပါသေးတယ်။

"ကျနော်တို့က ရိုးရိုးရုပ်ရှင်အစား လျှပ်စစ်သံလိုက်လှိုင်း ထည့်ထားတဲ့ ရုပ်ရှင်ကို ဖန်တီးခဲ့တာပါ။ ဒါက လူတယောက်ရဲ့စိတ်ထဲမှာ ဖြစ်နေတာတွေ၊ စိတ်ကူးနေတာတွေကို တကယ့်အစစ်အတိုင်း ဖော်ပြနိုင်တယ်။"

လမ်းသွားလမ်းလာတွေဝင်ပြီး နမူနာကြည့်နိုင်အောင် ဒီ စကန်နာစ်ကို ရုပ်ရှင်ရုံ အသွင်ပြောင်းထားတဲ့ နောက်တွဲယာဉ်နဲ့ စမ်းသပ်ပြသခဲ့ပါတယ်။

"ပရိသတ်တယောက်က ဒီရုပ်ရှင်ဇာတ်အိမ်ကို ပြောင်းလိုက်တာ မြင်ရတိုင်း ကျနော် အရင်က မမြင်ဘူးတဲ့ ဇာတ်လမ်းအသွားတွေချည်းပဲ။"

ဒီလို အလားတူ စနစ်တခုတည်းနဲ့ တမိုးတည်းအောက်က ရုပ်ရှင်ခန်းများစွာမှာ ပြဖို့တော့ မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမယ့် ရမ်ချန်းကတော့ ဒီစနစ်က ဦးနှောက်နဲ့ အာရုံကြော သိပ္ပံပညာရှင်တွေကို မသိစိတ်အကြောင်း ပိုမိုနားလည်လာစေပြီး အိပ်မက်တွေကို အတိအကျ မှတ်တမ်းတင်နိုင်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013