DVB Logo
Home
မြန်မာသတင်း
လူနှင့် ကွန်ပျူတာကြား အပြန်အလှန် ချိတ်ဆက်နိုင်မည့် အိုင်စကင်း (ရုပ်သံ)
DVB
·
September 5, 2015
လူနှင့် ကွန်ပျူတာကြား အပြန်အလှန် ချိတ်ဆက်နိုင်မည့် အိုင်စကင်း (ရုပ်သံ)
Donate to DVB

လူကြီးမင်းရဲ့ စမတ်ဖုန်းကို ခန္ဓာကိုယ် အရေပြားပေါ် ကပ်ထားတဲ့ ဆီလီကုန်းအပြားတွေသုံးပြီး ထိန်းချုပ်နေတယ်လို့ တွေးကြည့်လိုက်ပါ။ ဒီ အိုင်စကင်း (iSkin) တီထွင်သူတွေကတော့ နူးညံ့ပြီး အကျုံ့အဆန့် လုပ်နိုင်တဲ့ ဒီဇိုင်းကြောင့် ခန္ဓာကိုယ်ပေါ်မှာတင် မိုဘိုင်းတွက်ချက်မှု အသစ်တွေကို လုပ်ဆောင်နိုင်စွမ်း ရှိလာစေတယ်လို့ ဆိုပါတယ်။

"လက်ရှိ လျှပ်စစ်နည်းပညာက မာတဲ့ အစိတ်အပိုင်းတွေကိုချည်း သုံးတာဆိုတော့ ခန္ဓာကိုယ်ပေါ်မှာ ၀တ်ဆင်ရတာ အဆင်မပြေသလို နေရာလည်းရွေးတာပေါ့။ ဥပမာ လက်ကောက်ဝတ်နဲ့ ဦးခေါင်းလောက်မှာပဲ ၀တ်လို့ရတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ဆင်ဆာက ပျော့ပျောင်းပြီး ကျုံ့နိုင်ဆန့်နိုင်တော့ နေရာမရွေး ၀တ်လို့ရပါတယ်။ ဥပမာ နားရွက်နောက်ဘက်နဲ့ လက်မောင်းမှာ ၀တ်လို့ရသွားတာပေါ့။ ဒီတော့ လက်ရှိ လျှပ်စစ်နည်းပညာထက် ပိုပြီး ထည့်သွင်းနိုင်တဲ့ နေရာရတာပေါ့။"

ရှေ့ပြေးစနစ်ကို လူသားဆန်တဲ့ စက်ရုပ်တွေနဲ့ တကယ်သဘာဝကျတဲ့ လက်တုခြေတုတွေမှာသုံးဖို့ တီထွင်ထားတဲ့ လျှပ်စစ်အရေပြားပေါ်မှာ အခြေခံထားတာပါ။ တက်တူးဒီဇိုင်းကို အရင်ဆုံး ကွန်ပျူတာပေါ်မှာ ပုံကြမ်းဆွဲရပါတယ်။ ပြီးမှ လျှပ်လိုက်ကာဗွန်မှုန့် ကွပ်ထားတဲ့ ဆီလီကုန်းပြားကို လေဆာနဲ့ ပုံဖော်ဖြတ်တောက်ရပါတယ်။ ရလာတဲ့  ဆီလီကုန်းပြားကို လူ့အရေပြားနဲ့ လိုက်ဖက်တဲ့ ဆီလီကုန်းပြား ၂ ပြားကြားမှာ ညှပ်လိုက်ပါတယ်။ နောက်တော့ ဒီဆီလီကုန်းပြားကို အရေပြား အလှဆင်ပစ္စည်းသုံးကော်နဲ့ လူ့အရေပြားကို ကပ်လိုက်ရုံပါပဲ။ သုံးပြီးရင် အလွယ်တကူ ခွာပစ်လို့လည်း ရပါတယ်။ အခုရှေ့ပြေးပုံစံမှာတော့ ကွန်ပျူတာနဲ့ ချိတ်ဆက်ထိန်းချုပ်ဖို့ ခက်တယ်ဆိုပေမယ့် တီထွင်သူတွေကတော့ မိုက်ခရိုပရော်ဆက်ဆာ ထည့်ထားတာမို့ ကြိုးမဲ့သုံးနိုင်မယ်လို့ ဆိုပါတယ်။ တချိန်ကျရင် လူ့ခန္ဓာကိုယ်ကို စွမ်းအင်ရင်းမြစ်အနေနဲ့သုံးပြီး ဒီကိရိယာကို ဓာတ်အားပေးနိုင်မယ်လို့ သူတို့အဖွဲ့က ယုံကြည်ထားပါတယ်။

"လူ့ခန္ဓာကိုယ်ကို စွမ်းအင်ရင်းမြစ်အဖြစ်သုံးပြီး ခန္ဓာကိုယ်ကနေ စွမ်းအင်ထုတ်နိုင်ဖို့ သုတေသန လုပ်နေပြီ။ ဥပမာပြောရရင် သွေးစီးအားကနေ ဒါမှမဟုတ် ခန္ဓာကိုယ် အပူချိန်ကနေ လျှပ်စစ်ထုတ်တာမျိုးပေါ့။"

လောလောဆယ်မှာ ရှေ့ပြေးပုံစံဖြစ်တဲ့ ဒီ အိုင်စကင်းကို နောက်ထပ်ချဲ့ထွင်ဖို့ အစီအစဉ် မရှိသေးပေမယ့် နောင်တချိန်မှာ ဆောင်ရွက်လာမယ့် လူသားနဲ့ ကွန်ပျူတာကြား အပြန်အလှန် ချိတ်ဆက်နိုင်မယ့် လျှပ်စစ်အရေပြား သုတေသနလုပ်ငန်းအပေါ် လွှမ်းမိုးမှု ရှိလာမယ်လို့ သူတို့အဖွဲ့က ယုံကြည်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013