DVB Logo
Home
မြန်မာသတင်း
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ
DVB
·
September 4, 2015
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ
1 / 3
Donate to DVB

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆယ်လ်ဟာ  မြန်မာနိုင်ငံမှာ ၃ ရက်တာ ချစ်ကြည်ရေး ခရီး ရောက်ရှိနေပါတယ်။

ဒီကနေ့ နေပြည်တော်မှာ  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအပါအ၀င် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံပြီး လာမယ့် နိုဝင်ဘာလ ၈ရက်  ကျင်းပဖို့ရှိတဲ့ မြန်မာရွေးကောက်ပွဲ ပြင်ဆင်ထားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီး ဦးကိုကိုနဲ့ တွေ့ဆုံခဲ့သလို မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးလည်း သမ္မတရုံး  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မစ္စတာဒန်နီရပ်ဆယ်လ်အနေနဲ့ မြန်မာနိုင်ငံ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘော တူညီချက်ရဖို့ အများကြီးမျှော်လင့်ထားတယ်လို့ ၀န်ကြီးဦးအောင်မင်းကိုပြောခဲ့တဲ့ အကြောင်း  အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဗျူရိုရဲ့ လူမှုကွန်ယက်ထရီတာမှာ ရေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ စက်တင်ဘာ ၃ ရက်ကနေ ၅ ရက်အထိ နေပြည်တော်နဲ့ရန်ကုန်ကို သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း အစိုးရ အဆင့်မြင့်တာဝန်ရှိ သူတွေအပြင်  ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့လည်းတွေ့ဆုံမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးကတော့ ဘာသာရေးခေါင်းဆောင်တွေ လူငယ်တွေနဲ့ မစ္စတာ ဒန်နီရပ်ဆယ်လ်တွေ့ဆုံဖို့ရှိတယ်လို့ ရေးပါတယ်။  မြန်မာခရီးစဉ်အပြီးမှာ  တရုတ်နိုင်ငံ နဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို ဆက်လက်သွားရောက်ဖို့ရှိပါတယ်။

ဓာတ်ပုံ US State Dep

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013