DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်က ရေနစ်မြုပ်လယ်ဧက မျိုးစပါး အရေးတကြီးလိုအပ်
DVB
·
September 4, 2015
တိုက်ကြီးမြို့နယ်က ရေနစ်မြုပ်လယ်ဧက မျိုးစပါး အရေးတကြီးလိုအပ်
Donate to DVB

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် တော်လတီကျေးရွာအုပ်စု နဲ့ အထက်လယ်ဘုတ်ကျေးရွာ အုပ်စုတွေမျာ ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးထားတဲ့ စပါးပျက်စီးကုန်တဲ့အတွက် စပါးပြန်စိုက်နိုင်ဖို့ မျိုးစပါးတွေ အရေးတကြီးလိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစပြီး လှိုင်မြစ်ရေတက်မှုကြောင့် လယ်ဧက ထောင်ချီပျက်စီးခဲ့ပါ တယ်။

လက်ရှိမှာတော့ လယ်မြေတွေ ပြန်စိုက်ဖို့ မျိုးစပါတွေ လိုအပ်နေပြီး ဒီလအတွင်း မျိုးစပါးရမှသာ အချိန်မှီ လယ်ပြန်စိုက်ပျိုးလို့ရမှာဖြစ်တယ်လို့ အထက်အလယ်ဘုတ်ရွာသူ  ဒေါ်ခက်ဝါက ပြောပါ တယ်။

“စပါးတွေက ရေလည်းပြန်ကျသွားရော ပုပ်ပြီးသေသွားကုန်တယ်။ လယ်သမားတွေကလည်း မျော်လင့်ချက်ထားတာပေါ့နော် အဖြာလေး ပြန်ထွက်လာလို့ရှိရင် မျိုးစပါးဖိုးလေး၊ စိုက်ခဖိုးလေး ကြေမလာဆိုပြီး မျှော်လင့်တာ။ ဟိုတုန်းကတော့ အဲလိုမျိုးပြန်ပြီးရတတ်တဲ့အခါကျတော့ မျောလင့် တယ်။ အခုလာတဲ့ရေက ရေနှောက်ကြီးဖြစ်တဲ့အခါကျတော့ အကုန်သေတာ စပါးတွေ အကုန်လုံ ပုပ်ပွ ဘယ်လိုမှ လုပ်လို့မရတော့ဘူး။  ”

ဒီလိုအပ်တပ်ချက်တွေနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းကို တင်ပြတောင်းဆိုထားပြီး အုပ်ချုပ်ရေး ပိုင်းက လာရောက်စာရင်းကောင်ယူခဲ့ပေမယ့် အခုချိန်ထိ  ပံ့ပိုးပေးမှု တစုံတရာမရသေးဘူးလို့ လည်း ပြောပါတယ်။

လယ်သမားတွေအနေနဲ့ ဒီစက်ဘာလအတွင်း မျိုးစပါးမရရင်တော့ စိုက်ပျိုးရာသီးနောက်ကျပြီး စပါး စိုက်လို့တော့မှာမဟုတ်ကြောင်းလည်း ပြောပါတယ်။

ရေကြီးမှုတွေကြောင့် အထက်အလယ်ဘုတ်ရွာက မယ်သမား ၄၀ ကျော်ပိုင်တဲ့ လယ်မြေဧက ၃၅၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့တာဖြစ်ပြီး ပြန်လည်စိုက်ပျိုးဖို့ အခက်အခဲရှိနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“အပျက်အစီးကတော့ ညီမတို့ ရွာတရွာထည်တင်ကို ဧက ၃၅၀ လောက်ရှိတယ်။ ညီမတို့ အလယ် ဘုတ် တအုပ်စုလုံးကို ပြောမယ်ဆိုရင် ဧက တထောင်ကျော်ရှိတယ်။ မျိုးစပါးမရ တော့ဘူးဆိုရင်တော့ လာမယ့်နှစ်လယ်သမားတွေ ထမင်းမစားရတော့ဘူးလို့ပဲပြောရမှာပေါ့။ ငတ်ပြီ။ အခုဟာ ၁၀ ဧကလောက်ရှိတဲ့သူက ၂ ဧကလောက်ကျန်ရင်တောင်မှ ထမင်းစားလို့ရ ဦးမယ် အခုဟာက ၁၀ ဧကလုံး အကုန်ကုန်ပြီဆိုမှတော့ လယ်သမားက ဘာလုပ်လို့ရ တော့မှာလဲ။”

တိုက်ကြီးမြို့နယ်မှာ ပြီးခဲ့တဲ့သြဂုတ်တ်လဆန်းပြီး ဧရာဝတီမြစ်ရေနဲ့ လှိုင်မြစ်ရေတက်မှုကြောင့် ဒေသခံတွေ ရေဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရသလို လယ်မြေဧက ထောင်ချီ နစ်မြုပ်ခဲ့တာဖြစ် ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်း မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် အိမ်ထောင်စု ၄ သိန်း၊ လူဦးရေ ၁၆သိန်းကျော် ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရကြောင်း လူနေအိမ်ပေါင်း ၁ သောင်း ၇ ထောင်ကျော်ပျက်စီးပြီး စာသင်ကျောင်း ၅၂၈ ကျောင်း၊ ဘုန်းကြီးကျောင်းတွေ အပါအဝင် အဆောက်အအုံပေါင်း ၅ထောင်လောက်ပျက်စီးခဲ့ကြောင်းနဲ့ လယ်မြေဧက ၁၄ သိန်း ကျော် ရေနစ်မြုပ်ကာ ၇ သိန်းခန့် ပျက်စီးခဲ့တယ်လို့ သြဂုတ်လ ၂၄ ရက်ကနေပြည်တော်သမ္မတ အိမ်တော် အစည်းအဝေးခမ်းမမှာ ကျင်းပတဲ့  ရေဘေးသင့်ဒေသတွေ ပြန်လည် ထူထောင်ရေး လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ပြောကြားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013