DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေဆက်ကြီးနေ မြစ်ကမ်းအနီးနေသူများ ရှောင်ရှားရန်သတိပေး
DVB
·
September 4, 2015
ချင်းတွင်းမြစ်ရေဆက်ကြီးနေ  မြစ်ကမ်းအနီးနေသူများ ရှောင်ရှားရန်သတိပေး
Donate to DVB

စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်တွေမှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ရေတက်နေလို့ မြစ်ကမ်းအနီးမြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု ရှောင်ရှားကြဖို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမှာ (၆)ပေခန့်၊ ဟုမ္မလင်းမှာ (၄)ပေခန့်၊ ဖောင်းပြင်မှာ (၁)ပေခန့်နဲ့ မော်လိုက်မြို့မှာ (၂)ပေခန့် အထိ မြို့တွေရဲ့ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်းရေဆက်လက်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်ဆက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

အလားတူ င၀န်မြစ်ရေဟာလည်း ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့မှာ ပေတ၀က်ခန့် စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း စိုးရိမ်ရေမှတ် အထက်ဆက်ရှိ နိုင်လို့ မြစ်ကမ်းအနီးနေထိုင်သူတွေ သတိပြုကြဖို့ လည်းတိုက်တွန်းထားပါတယ်။

လတ်တလော ခန္တီး၊ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့တွေမှာ မြစ်ရေကြီးလာတာကြောင့်မြေနိမ့်တဲ့ မြို့ပေါ်ရပ်ကွက်တွေထဲရေ၀င်လာလို့ ဒေသခံတွေ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့နေကြရတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013