DVB Logo
Home
မြန်မာသတင်း
ထိုင်းအလုပ်ရှင်ကို မြန်မာအလုပ်သမား က ဆီပူလောင်းပြီး ပိတ်လှောင်
DVB
·
September 4, 2015
ထိုင်းအလုပ်ရှင်ကို မြန်မာအလုပ်သမား က ဆီပူလောင်းပြီး ပိတ်လှောင်
1 / 2
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ချိုင်းနတ်ခရိုင်မှာ မြန်မာအလုပ်သမားတဦးက အလုပ်ရှင်ကို ဆီပူနဲ့ လောင်းပြီး အခန်းထဲ ပိတ်လှောင်ခဲ့တဲ့ အမှုတခု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၃ ရက် ညနေပိုင်းက ချိုင်းနတ်ခရိုင် မနိုးရုမ်းမြို့နယ် ထာ့ချနွန်းရပ်ကွက်ထဲမှာ   ကြက်သားကင်ဆိုင်ပိုင်ရှင် နန်းဆောင်ဆ၀စ်တာ ဖူဆီမာ (အသက် ၃၀) ကို သူ့ဆိုင်က မြန်မာရွှေ့ပြောင်း အလုပ်သမား မောင်စိုး (အသက် ၁၉ နှစ်) က ဆီပူနဲ့ လောင်းပြီး အခန်းထဲ ပိတ်လှောင်ခဲ့တယ်လို့ မနိုးရုမ်းမြို့နယ်ရဲစခန်းက ဒု-ရဲမှူး မုန်းခွန်း ပန်တက သတင်းထောက်တွေကို ပြောပါတယ်။

ဆီပူလောင်းခံရသည့် ဆိုင်ရှင်အမျိုးသမီး။ (ဓာတ်ပုံ - ထိုင်းရတ်)ဆီပူလောင်းခံရသည့် ဆိုင်ရှင်အမျိုးသမီးကို ဆေးရုံတွင်တွေ့ရစဉ်။ (ဓာတ်ပုံ - ထိုင်းရတ်)

သတင်းအရ ညနေ ၆ နာရီအချိန် အခင်းဖြစ်ပွားရာနေရာကို သွားကြည့်ရာမှာ မျက်နှာ၊ လက်နဲ့ အခြား ခန္ဓာကိုယ်အနှံ့ တကိုယ်လုံးနီးပါး မီးလောင်အပူဖုတွေပြည့်နေတဲ့ နန်းဆောင်ဆ၀စ်တာကို တွေ့ရတဲ့အတွက် မနိုးရုမ်းမြို့နယ် ဆေးရုံကြီးကို အမြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

မောင်စိုးကတော့ သူဌေးမဟာ သူ့ကို နေ့စဉ်ဆဲဆိုနေတာကြောင့် သည်းမခံနိုင်လို့ ပြန်လုပ်မိကြောင်း ရဲတပ်ဖွဲ့ကို ပြောပါတယ်။

မျက်မြင်တွေရဲ့ ပြောပြချက်အရ ဒီမတိုင်ခင် သူဌေးမက မောင်စိုးကို အခန်းသန့်ရှင်းရေးလုပ်ခိုင်းကြောင်း၊ ဒါပေမယ့် မောင်စိုးက မီးဖိုထဲဝင်သွားပြီး လက်ထဲ တစုံတခုပါလာကြောင်း၊ သူဌေးမက လှည့်ကြည့်လိုက်တဲ့အခါ မောင်စိုးက ဆီပူနဲ့ ပက်ထည့်လိုက်ပြီး သူ့ပတ်စ်ပို့စာအုပ်ကို ပြန်တောင်းနေတယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူဌေးမကို လှမ်းဆွဲပြီး လည်ပင်းကို ကြိုးတုပ်ခဲ့ကြောင်း၊ ကျန်တဲ့အလုပ်သမားနဲ့ အိမ်နီးချင်းတွေက ၀ိုင်းပြီးတားရာမှာ သူက ၀င်လာရင် သူဌေးမကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး အခန်းတခုထဲ ပိတ်လှောင်ကာ အပြင်ကနေ သော့ခတ်လိုက်တယ်လို့ ဆိုပါတယ်။

အိမ်နီးချင်းတွေလည်း ရဲစခန်းကို အကြောင်းကြားထားစဉ် သူဌေးမရဲ့ အမျိုးသားရောက်လာပြီး အခန်းတံခါးဖွင့်ကာ မောင်စိုးကို ထိုးကြိတ်ခဲ့လို့ နှုတ်ခမ်းတွေကွဲပြီး နှာခေါင်းသွေးယိုနေကြောင်း ဆိုပါတယ်။

လောလောဆယ် မောင်စိုးကို ရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းထားပြီး ကျူးလွန်ရတဲ့အကြောင်းကို ဆက်လက်စုံစမ်း စစ်ဆေးမယ်လို့ ရဲစခန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013