DVB Logo
Home
မြန်မာသတင်း
တရားခံပြေးလက်ချက်ဖြင့် သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဈာပန ယနေ့ကျင်းပမည်
DVB
·
September 4, 2015
တရားခံပြေးလက်ချက်ဖြင့် သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဈာပန ယနေ့ကျင်းပမည်
Donate to DVB

တရားခံပြေးလက်ချက်နဲ့ သေဆုံးခဲ့တဲ့ ရဲအုပ်အောင်နိုင်နဲ့ ရဲတပ်ကြပ် သူရလွင်တို့ရဲ့ ဈာပနကို သန်လျင်မြို့နယ် အမိုးနီသုသာန်မှာ စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဈာပနကို ၁၂ နာရီက စမှာဖြစ်ပြီး ၂ နာရီ သင်္ဂြိုဟ်မယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူတို့နှစ်ဦးရဲ့ ဈာပနမှာတော့ ရဲတပ်ဖွဲ့က အမိန့်စာပြန်မှာလည်း ဖြစ်ပါတယ်။
ကျန်ရစ်တဲ့ မိသားစုတွေကိုတော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးက သေဆုံးသူတဦးစီအတွက် ကျပ် ၁၀ သိန်း ပေးခဲ့ပါတယ်။

သူတို့နှစ်ဦးကို သတ်ခဲ့တဲ့ တရားခံပြေး တင်မြင့်ကိုတော့ သာကေတ မြို့မရဲစခန်းမှာ ချုပ်ထားပြီး (ပ)၅၆၃/၂၀၁၅၊ ပုဒ်မ-၃၀၂ နဲ့ သန်လျင်မြို့မ ရဲစခန်းမှာ အမှုဖွင့်လှစ်ထားပါတယ်။

ရဲအုပ်အောင်နိုင်နဲ့ ရဲတပ်ကြပ် သူရလွင်တို့ဟာ စက်တင်ဘာ ၂ ရက် မနက်ပိုင်းက သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ သဘာဝအလှတည်းခိုခန်းရှိ တရားခံပြေး တင်မြင့်ကို လက်ရဖမ်းဆီးရာမှာ တရားခံပြေးက ဓားနဲ့ ပြန်လည်ထိုးခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦးလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
တရားခံပြေး တင်မြင့်ဟာ ၂၀၁၂ ခုနှစ်မှာ ထောင် ၁၀ နှစ်ကျခံခဲ့ရပြီးနောက် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013