DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော် ရှိနေ
DVB
·
September 4, 2015
မြန်မာ့ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော် ရှိနေ
Donate to DVB

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဟာ  အခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပထမ ၄ လ ကာလမှာ ပို့ကုန်ထက် သွင်းကုန်က များနေပြီး အမေရိကန်ဒေါ်လာ သန်း ၁၈၄၆ နီးပါး လိုငွေပြနေတယ်လို့  အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အခုဘဏ္ဍာနှစ်စတင်တဲ့ ဧပြီကနေ ဇူလိုင်အထိ  မြန်မာ့ ပြည်ပပို့ကုန်တန်ဖိုး စုစုပေါင်းဟာ ကန်ဒေါ်လာ ၃၆၉၂ ဒသမ ၇၁ သန်းရှိပြီး သွင်းကုန်တန်ဖိုးကတော့ ၅၅၃၈ ဒသမ ၅၁ သန်း ရှိနေတာကြောင့် ကုန်သွယ်မှုလိုငွေ စုစုပေါင်း ကန်ဒေါ်လာ သန်း ၁၈၄၅ ဒသမ ၈၀ ရှိတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အစီရင်ခံစာကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ ပုံမှန်လမ်းကြောင်းက ပို့ကုန်သွင်းကုန်တန်ဖိုးရော နယ်စပ်ကနေ တင်သွင်းတင်ပို့တဲ့ ကုန်သွယ်မှု ပမာဏကိုပါ ထည့်ပေါင်းထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် တလတည်းမှာတင် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ  ၉၁၂ သန်းရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဆန်စပါး၊ ပဲနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ထွက်ကုန်တွေကို အဓိက ပြည်ပတင်ပို့ ရောင်းချနေတာဖြစ်ပြီး စားသောက်ကုန်၊ အ၀တ်အထည်၊ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ တခြား အခြေခံအဆောက်အဦတွေအတွက် လိုအပ်တဲ့  ကုန်ကြမ်းတွေ  ပြည်ပကနေ ၀ယ်ယူတင်သွင်းနေရတာပါ။

အစိုးရက သစ်အလုံးလိုက် ပြည်ပတင်ပို့ ရောင်းချမှုကို ခွင့်မပြုတော့သလို လတ်တလော ရေဘေးကြောင့် ပြည်ပဆန်တင်ပို့ ရောင်းချမှုတွေကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013