DVB Logo
Home
မြန်မာသတင်း
ဒူးမကောင်းသူများ အတက်အဆင်းအတွက် အသီးတောင့်ပုံစံ ဓာတ်လှေကား (ရုပ်သံ)
DVB
·
September 3, 2015
ဒူးမကောင်းသူများ အတက်အဆင်းအတွက် အသီးတောင့်ပုံစံ ဓာတ်လှေကား (ရုပ်သံ)
Donate to DVB

ဒါက ဓာတ်လှေကား တစင်းပါ။ ဒါပေမယ့် ကျနော်တို့သိထားတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဒီဓာတ်လှေကားဟာ အင်္ဂလန်နိုင်ငံ၊ ဟတ်ဖို့ဒ်ရှိုင်းယားမှ ဆယ်လီအတွက်တော့ ဒူးမကောင်းတော့တာကြောင့် လှေကားပေါ် အတက်အဆင်း အဆင်မပြေတဲ့ နောက်ပိုင်းမှာ သူ့ဘ၀ကို ပြောင်းလဲစေတဲ့ အရာတခု ဖြစ်လာပါတယ်။ သမားရိုးကျ လှေကားတစင်းကို တပ်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့ အချိန်မှာတော့ ဆယ်လီနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ ဘားဟမ်တို့ဟာ ပစ္စည်းတွေကို ထုပ်ပိုးပြီး အိမ်ကနေ ထွက်ခွာဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

ကျမတို့ ဒီအိမ်မှာနေတာ အနှစ် ၄၀ ရှိပြီ။ နောက်တော့ ကျမ ဒူးနဲ့အကြောတွေ မကောင်းတော့ဘူး။ ဒီအိမ်က လှေကားက အထစ်တွေကများ၊ ကျဉ်းကလည်းကျဉ်းနဲ့လေ။ ဒီတော့ တထပ်အိမ်လေးပဲဖြစ်ဖြစ်၊ အပေါ်ထပ်ကို တက်လို့ရမယ့် တခြားနည်းလမ်းပဲဖြစ်ဖြစ် ကျမတို့ ရှာကြရတော့တာပေါ့။

တယ်ရီ လိုက်ဖ်စတိုင် (Terry Lifestyle) ဓာတ်လှေကားဟာ သူတို့အခက်အခဲတွေအတွက် အဖြေပါပဲ။ အသီးတောင့်ပုံစံ ဓာတ်လှေကားဟာ အခန်းထောင့်နဲ့ အံဝင်ခွင်ကျရှိသလို ဓာတ်လှေကားအတွက် အပေါက်သီးသန့်မလိုဘဲ မျက်နှာကြက်ပေါက်ထဲကိုတင်ပြီး ထည့်ထားလို့ရပါတယ်။

"တန်ဖိုးကြီး စက်ခါးပတ်ကြိုးလို့ သရုပ်ဖော်လို့ရပါတယ်။ လူအများစုကတော့ သူတို့ရဲ့လှပတဲ့ လှေကားထစ်တွေရဲ့နေရာမှာ စက်ခါးပတ်ကြိုးတခု ဘယ်ထားချင်ပါ့မလဲ။ လှေကားအုံထဲမှာ အမြဲထားထားရတဲ့ ဓာတ်လှေကားနဲ့ မတူတာကတော့ ဒီဓာတ်လှေကားကို မလိုချင်ရင် ဖယ်ထားလို့ရတယ်။ ကိုယ့်အတွက် စိတ်အနှောင့်အယှက် ဘယ်တော့မှ ဖြစ်စရာမရှိပါဘူး။"

ဒီဓာတ်လှေကားကို ရက်ပိုင်းအတွင်း တပ်ဆင်လို့ရတဲ့အကြောင်း ချက်စ်ရှိုင်းယားအခြေစိုက် တယ်ရီ လစ်ဖ်တ်စ် (Terry Lifts) ကုမ္ပဏီက ဆိုပါတယ်။ ဒီဓာတ်လှေကား ခေတ်ရှေ့ပြေး လုံခြုံရေးအင်္ဂါရပ်တွေ အများကြီးပါဝင်ပြီး ဓာတ်လှေကားအောက်မှာ ကိုယ့်အိမ်က အိမ်မွေးတိရစ္ဆာန် အိပ်ပျော်နေရင်တောင် စိတ်ပူဖို့မလိုတဲ့ ဆင်ဆာတွေ ပါဝင်ပါတယ်။

လုံခြုံရေးခလုတ်တခုလုံးမှာ ခလုတ်ငယ်လေးတွေ အများကြီးပါပြီး အတားအဆီးတခု ရှိနေပြီဆိုတာနဲ့ ဓာတ်လှေကားက အလိုအလျောက် ရပ်သွားမယ်။ အတားအဆီးနဲ့ မတိုးခင် ၂၀ မီလီမီတာအကွာမှာ ရပ်သွားမှာမို့ တိုးတိုက်ကျိုးကျေတာတွေ မဖြစ်နိုင်ပါဘူး။ အာရုံခံစနစ် အလွန့်အလွန်ကို ကောင်းမွန်ပါတယ်။

စက်လှေကားရဲ့ ထူးခြားတဲ့ဒီဇိုင်းကို Star Trek ဇာတ်လမ်းတွဲထဲက ပုံစံအတိုင်း နည်းယူထားတာ ဖြစ်ပါတယ်။ သိပံ္ပစိတ်ကူးယဉ်ကားတွေနဲ့ နှိုင်းယှဉ်ချက်တွေဟာ ဒီမှာတင် အဆုံးသတ်မသွားပါဘူး။

"အိမ်နီးချင်းတွေကတော့ တာဒစ်စ် (TARDIS) တယ်လီဖုန်းရုံပုံစံစက်နဲ့ တူတယ်လို့ ပြောကြတယ်လေ"

ဓာတ်လှေကားကို စိတ်ဝင်စားသူတွေ များလာတာမို့ တယ်ရီလစ်ဖ်စ် ကုမ္ပဏီဟာ ပြင်သစ်၊ တရုတ်နဲ့ သြစတြေးလျနိုင်ငံတို့ကို တင်ပို့မှုတွေ ပြုလုပ်နေပါပြီ။ ပန်းကန်ပြားပျံပေါ်ပဲဖြစ်ဖြစ်၊ ဧည့်ခန်းမှာပဲဖြစ်ဖြစ် ထားလို့ရတာမို့ သူမတူတဲ့ဒီဇိုင်းကြောင့် ရောင်းအားအလွန်ကောင်းလိမ့်မယ်လို့ ဓာတ်လှေကား ထီထွင်သူတွေက မျှော်လင့်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013