DVB Logo
Home
မြန်မာသတင်း
မဲဆောက် ထိုင်းတရုတ်ဘုံကျောင်း အလှူ (သတင်းဓာတ်ပုံ)
DVB
·
September 3, 2015
မဲဆောက် ထိုင်းတရုတ်ဘုံကျောင်း အလှူ (သတင်းဓာတ်ပုံ)
1 / 8
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁ သိန်းကျော်ကို ထိုင်းတရုတ်ဘုံကျောင်းတခုက စက်တင်ဘာ ၃ ရက် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဆန်၊ ဆီ၊ ဆားတွေနဲ့ တခြား လူသုံးကုန်ပစ္စည်းတွေ အခမဲ့ ပေးဝေလှူဒါန်းပါတယ်။

အဲဒီလှူဒါန်းပွဲကို တနှစ်တကြိမ် ကျင်းပပြုလုပ်တာဖြစ်ပြီး မြဝတီနဲ့ မဲဆောက်မြို့နယ် တခွင်က ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁ သိန်းကျော်လောက်အထိ လာရောက် ယူကြပါတယ်။

"ကျနော်တို့ တရုတ်ဘုံကျောင်းက နှစ်စဉ်နှစ်တိုင်း ရွှေ့ပြောင်းမြန်မာများကို စားနပ်ရိက္ခာ ပေးဝေပါတယ်။ ဒီနှစ်ကတော့ ခါတိုင်းနှစ်ထက်စာရင် များလာတယ်။ အဲဒီအတွက် လူတိုင်းစေ့ ရအောင်လည်း ဒီ ထိုင်း တရုတ်ဘုံကျောင်းက ပိုပိုလိုလိုနဲ့ စီစဉ်ပေးထားပါတယ်" လို့ ထိုင်း တရုတ်ဘုံကျောင်း တာဝန်ခံ ကိုကျော်နေမျိုးက ပြောပါတယ်။

မနက် ၈ နာရီကစပြီး နေ့လယ် ၁၂ နာရီထိ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ထိုင်း တရုတ်ဘုံကျောင်းမှာ စားနပ်ရိက္ခာ ရရှိဖို့အတွက် လာရောက်ခဲ့ကြပါတယ်။

ထိုင်းစစ်တပ်နဲ့ တာဝန်ရှိသူတချို့ကတော့ လာရောက်ယူကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို တယောက်ချင်း တန်းစီပြီး ဗုံးရှာဖွေရေး ပြုလုပ်ခဲ့ပါတယ်။

သတင်းဓာတ်ပုံ - ကောင်းခန့်လင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013