DVB Logo
Home
မြန်မာသတင်း
တောင်ကြီး အန်အယ်လ်ဒီပါတီ ခရိုင်အတွင်းရေးမှူး ဖမ်းဆီးခံရ
DVB
·
September 3, 2015
တောင်ကြီး အန်အယ်လ်ဒီပါတီ ခရိုင်အတွင်းရေးမှူး ဖမ်းဆီးခံရ
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ တောင်ကြီးခရိုင်အတွင်းရေးမှူး ဦးညီညီရွှေကို မိသားစုငွေရေးကြေးကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ပါတီရဲ့ တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

တောင်ကြီးခရိုင်အတွင်းရေးမှူး ဦးညီညီရွှေရဲ့ အမျိုးသမီး စုကြေးငွေကိုကိုင်ပြီး မရှင်းနိုင်တဲ့အတွက် ဖမ်းဝရမ်းထုတ်ရာကနေ ဦးညီညီရွှေ အဖမ်းခံရတာလို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“သူ့အမျိုးသမီးက မနှစ်တုန်းက စုကြေးတွေကိုင်ပြီးတော့ စုကြေးငွေကို မရှင်းနိုင်ဘဲနဲ့ သူ့အမျိုးသမီးက ရှောင်တိမ်းနေတယ်။ ဒီပေါ်မှာ အမှုဖွင့်ထားကြတဲ့လူတွေရှိတယ်။ ဒီတိုင်တဲ့အမှုကို မနေ့တုန်းက တရားရုံးက ဖမ်းဝရမ်းထုတ်ပေးလိုက်တယ်။ ပုဒ်မ ၄၀၆။၄၂၀ ပါ။ ငွေကြေးမှုပဲပေါ့နော်။ ဒါပေမယ့် သူလုပ်တာတော့မဟုတ်ဘူး။ သူ့အမျိုးသမီးလုပ်ခဲ့တဲ့ကိစ္စပေါ့။ အန်တီထင်တာကတော့ တိုင်တဲ့သူတွေက သူ့ကိုဖမ်းလိုက်ရင် သူ့အမျိုးသမီးများ ထွက်လာမလားလို့ ထင်ပြီး တိုင်ကြတယ်နဲ့တူပါတယ်။ အဲဒီငွေကြေးကိစ္စနဲ့ တရားရုံးက ၀ရမ်းထုတ်ပေးလိုက်လို့ မနေ့ညက သူ့ကို ရဲက ဖမ်းသွားတာပါ။”

ဦးညီညီရွှေကို စက်တင်ဘာ ၂ ရက်နေ့ည ၁၁ နာရီမှာ ဖမ်းဆီးပြီး လက်ရှိ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံဖောက်ဖျက်မှု၊ ပစ္စည်းပေးစေရန်လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ တောင်ကြီးမမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ဦးညီညီရွှေဟာ ပါတီလုပ်ငန်းမှာ တာဝန်ကျေသူဖြစ်ပြီး တခြားနာမည်ပျက် မရှိတဲ့အကြောင်းနဲ့ ဒီအမှုဟာ မိသားစုအမှုသာဖြစ်ပြီး ပါတီလုပ်ငန်းနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိဘူးလို့လည်း ဒေါ်ခင်မိုးမိုးကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013