DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ် ဇမ္ဗူသီရိရုံး ဖောက်ထွင်းခံရမှု တိုင်ချက်ဖွင့်
DVB
·
September 3, 2015
အဖွဲ့ချုပ် ဇမ္ဗူသီရိရုံး ဖောက်ထွင်းခံရမှု တိုင်ချက်ဖွင့်
Donate to DVB

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  လွှတ်တော်ကိုယ်စားလှယ်ရုံး ဖောက်ထွင်းခံခဲ့ရတဲ့အတွက် တိုင်ချက်ဖွင့်ထားပါတယ်။

အဲဒီ ဇမ္ဗူသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ အမေ့အိမ် အခမဲ့ကျောင်းရှိပြီး ကျောင်းတာဝန်ခံ  ဆရာဦးမျိုးကိုရဲ့ အိပ်ခန်း ဖောက်ထွင်းခံခဲ့ရတာလို့ ဆရာဦးမျိုးကိုက ပြောပါတယ်။

“ရုံးမှာ အမေ့အိမ် ပညာဒါနကျောင်း ရှိတယ်ဗျာ။ အဲဒီ အမေ့အိမ်ကျောင်းက ကျောင်းသားတွေက မနေ့ည ၇ နာရီလောက်မှာ ကျနော်တို့ကို အကြောင်းကြားတာပေါ့။ ကျနော့်ရဲ့အိပ်ခန်းမှာ။ ကျနော်က ဒီကျောင်းရဲ့ တာဝန်ခံပေါ့နော်။ ကျောင်းအိပ်ခန်းလေးက အပေါ်မှာ မှန်ချပ်လေးတွေရှိတယ်။ အဲဒီမှန်ချပ်လေး ကွဲတာကို ကျောင်းသားတွေ သတင်းပေးလို့ ကျနော်သိရတာပါ။ အဲဒီအချိန် ကျနော် ရန်ကုန်မှာ အစ်မ (ဒေါ်စန္ဒာမင်း) နဲ့ ကမ်ပိန်းအတွက် ပြင်ဆင်နေတာပါ။ ဘယ်အချိန်လောက်က ဖောက်လဲဆိုတာ ကျနော်အတိအကျ ပြောလို့မရဘူး။ နည်းနည်းအံ့သြစရာကောင်းတာက ကျနော့် အ၀တ်အစားဗီရိုတွေကို မွှေသွားတယ်။ ကျနော့်စာအုပ်စင်တွေကို မွှေသွားပြီး တခုခုကို ရှာသွားတဲ့ပုံစံ။ အိပ်ရာတွေကို အကုန်လုံးရှာသွားတယ်။ ဒါပေမယ့် ဘာပစ္စည်းမှ မပျောက်သွားဘူး။”

ဒီဖောက်ထွင်းခံရမှုနဲ့ ပတ်သက်ပြီး နေပြည်တော် သပြေကုန်း အမှတ် ၁ ရဲစခန်းမှာ ဖောက်ထွင်းမှု ပုဒ်မ ၄၅၃ နဲ့ အမှုဖွင့်ထားတယ်လို့လည်း ဆရာဦးမျိုးကိုက ပြောပါတယ်။

ဒီလိုဖောက်ထွင်းခံရမှု အရင်တုန်းက တခါမှမဖြစ်ဘူးဘဲ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါ်စန္ဒာမင်းက သူ့နယ်မြေမှာ ကမ်ပိန်းလုပ်ဖို့ သွားနေချိန် အခုလို ဖြစ်တဲ့သွားတဲ့အတွက် စဉ်စားစရာ ဖြစ်နေတယ်လို့လည်း ဦးမျိုးကိုက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013