DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု မပတ်သက်ဟု တရားခွင်မှာ တရားဝင်ငြင်းဆိုပြီ
DVB
·
September 3, 2015
လိပ်ကျွန်းလူသတ်မှု မပတ်သက်ဟု တရားခွင်မှာ တရားဝင်ငြင်းဆိုပြီ
1 / 2
Donate to DVB

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းလို့ လူသိများတဲ့ ခိုတောင်ကျွန်းမှာ မနှစ် စက်တင်ဘာလက ဖြစ်တဲ့ လူသတ်မှုနဲ့ မုဒိမ်းမှုမှာ ပါဝင်ပတ်သက်မှု အလျဉ်းမရှိဘူးလို့ စွပ်စွဲခံတရားခံ ၂ ဦးထဲက တဦးဖြစ်တဲ့ ကိုဇော်လင်းက စက်တင်ဘာ ၂ ရက်နေ့က တရားခွင်မှာ ထွက်ဆိုပါတယ်။

[caption id="attachment_110455" align="aligncenter" width="526"]သံရုံးကိုယ်စားလှယ်များ၊ လိပ်ကျွန်းအမှုအား လိုက်ပါဆောင်ရွက်ကြသော ရှေ့နေများ၊ မိတ်ဆွေများနှင့် စွပ်စွဲခံ ၂ ဦး၏မိဘများအား ကော့စမွေတရားရုံးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းဦးဖေ့စ်ဘွတ်ခ်) သံရုံးကိုယ်စားလှယ်များ၊ လိပ်ကျွန်းအမှုအား လိုက်ပါဆောင်ရွက်ကြသော ရှေ့နေများ၊ မိတ်ဆွေများနှင့် စွပ်စွဲခံ ၂ ဦး၏မိဘများအား ကော့စမွေတရားရုံးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းဦးဖေ့စ်ဘွတ်ခ်)[/caption]

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင်တရားရုံးကို တက်ရောက်တဲ့ မြန်မာသံရုံး အထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က “ပွင့်ပွင့်လင်းလင်းပြောရင် မောင်ဇော်လင်းနဲ့ ကျနော်တို့နဲ့ အကျဉ်းဦးစီးဌာနမှာ တွေ့ခဲ့ကြတယ်။ ရှေ့နေများကောင်စီနဲ့လည်း ခန ခန တွေ့ခဲ့ကြတယ်ဆိုတော့ လမ်းညွှန်မှုကတော့ ရှိပြီးသားပါ။ တကယ်လည်း သူတို့က ပြစ်မှုမကျူးလွန်ကြသူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မကျူးလွန်တဲ့ အကြောင်းအရာလေးတွေကိုပဲ ပြောသွားကြတာပါ။ ဇော်လင်းလေးရဲ့ ရှေ့နေကိုယ်တိုင်စစ်တာ။ ထွက်ဆိုတယ်။ နောက်ပြီးတော့ စာရွက်စာတမ်း သက်သေခံတင်တယ်။ ဓာတ်ပုံတွေပြပြီး သက်သေခံတင်တယ်” လို့ ပြောပါတယ်။

ကိုဇော်လင်းရဲ့ အကျိုးဆောင်ရှေ့နေက ကိုဇော်လင်းကို မေးမြန်းခဲ့တဲ့အဆင့်သာဖြစ်ပြီး တရားလိုဘက်က ရှေ့နေက ပြန်လည်မေးခွန်းထုတ်တဲ့အဆင့် မဟုတ်သေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လတွေတုန်းက တရားခွင်တွေမှာ တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂ ရက်နေ့မှာ တရားခံဘက်ကို စတင်စစ်ဆေးတာပါ။  မောင်ဇော်လင်းကို စစ်မေးမှုဟာ ည ခြောက်နာရီကျော်ထိ မပြီးပြတ်တာကြောင့် ရပ်နားခဲ့ပါတယ်။

လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ မှုခင်းသိပ္ပံဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ပွန်ထစ်က တရားခွင်မှာ တက်ရောက်ထွက်ဆိုမှာ ဖြစ်ပါတယ်။

မနှစ် စက်တင်ဘာလလယ်ပိုင်းက မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား အလုပ်လုပ်နေကြတဲ့ ခိုတောင်ကျွန်းမှာ ဗြိတိသျှအမျိုးသားတဦးနဲ့ အမျိုးသမီး ဟန်နာတို့ သတ်ဖြတ်ခံခဲ့ရပါတယ်။

အခင်းဖြစ်ပြီး နှစ်ပတ်ခန့်အကြာမှာ မြန်မာနိုင်ငံသား ၂ ဦးကို စစ်ဆေးပြီးနောက် ဖြောင့်ချက်ပေးတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

မြန်မာလူငယ်နှစ်ဦးက သူတို့ကို ခြိမ်းခြောက်တာကြောင့် ၀န်ခံခဲ့တာသာဖြစ်တယ်ဆိုပြီး နောက်ပိုင်းမှာ ဖြောင့်ချက်ကို ပြန်ရုပ်သိမ်းခဲ့ကြပါတယ်။

သူတို့ ၂ ဦးကို လူသတ်မှု၊ မုဒိမ်းမှု  အပါအ၀င် အမှု ၅ မှုနဲ့ စွဲဆိုစစ်ဆေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013