DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ ရောက်ရှိ
DVB
·
September 2, 2015
သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ ရောက်ရှိ
Donate to DVB

သမ္မတ ဦးသိန်းစိန်ဟာ ဖက်ဆစ်အောင်ပွဲနဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၇၀ ပြည့်ပွဲကို တက်ရောက်ဖို့ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ရောက်ရှိနေတယ်လို့  မြန်မာ့ ရုပ်မြင်သံကြားက ထုတ်လွှင့်သွားပါတယ်။

ပြည်ထောင်စုဝန်ကြီးတချို့အတူ တရုတ်နိုင်ငံကို ဒီကနေ့မနက် နေပြည်တော်ကနေ လေကြောင်းနဲ့ထွက်သွားတာဖြစ်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။

တရုတ်နိုင်ငံ မြို့တော်မှာ စက်တင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် ဖက်ဆစ်တော်လှန်ရေး အောင်ပွဲနေ့ နှစ် ၇၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့အတွက် နိုင်ငံပေါင်း ၃၀ လောက်ရဲ့ အကြီးအကဲတွေလည်း တရုတ်နိုင်ငံကို ရောက်ရှိနေကြပါပြီ။

အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ ထဲမှာ ရုရှားသမ္မတ ဘလာဒီမာပူတင်၊ တောင်ကိုရီးယား သမ္မတပါခ်ဂွန်ဟေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်း စသူတွေလည်းပါဝင်ပါတယ်။

အခမ်းအနားမှာ တရုတ်စစ်သည် အင်အား ၁ သောင်းကျော် နိုင်ငံပေါင်း ၁၇ နိုင်ငံက တပ်သား ၁ ထောင်နီးပါးတို့က စစ်ရေးပြကြမှာဖြစ်ပြီး တိုက်လေယာဉ်တွေအပါအ၀င် တရုတ်ပြည်ရဲ့ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းတွေကိုလည်း ပြသဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013