DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် ကြံခင်းမြို့နယ်တွင် ထိုင်းဘုရင့်ဆေးတပ်မတော် ဆေးကုသပေး
DVB
·
September 2, 2015
ရေဘေးသင့် ကြံခင်းမြို့နယ်တွင် ထိုင်းဘုရင့်ဆေးတပ်မတော် ဆေးကုသပေး
1 / 6
Donate to DVB

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ထိုင်းဘုရင့် ဆေးတပ်မတော်အဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနဲ့ ပူးပေါင်းပြီး ရေဘေးသင့်ခဲ့ရတဲ့ ဒေသခံတွေကို သြဂုတ် ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျန်းမာရေး စစ်ဆေးပြီး ဆေးကုသမှု ပေးနေပါတယ်။

မြန်မာနိုင်ငံအတွင်း ရေလွှမ်းမိုးရာ ဒေသတွေကို ကျန်းမာရေး ကူညီစောင့်ရှောက်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ထိုင်းဘုရင့်တပ်မတော်က ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ထိုင်းဘုရင့်ဆေးတပ်မတော်အဖွဲ့ဟာ အရိုးအကြော ရောဂါ၊ ကလေးသူငယ်တွေနဲ့ အထွေထွေရောဂါ လူနာတွေကို စစ်ဆေးကုသပေးတာနဲ့ ရပ်ကွက်တွေမှာ ခြင်ဆေးဖျန်းတာ၊ ရေသန့်စစ်ဆေးတာနဲ့ ဆေးထည့်တာ စတာတွေကို ဆောင်ရွက်ပေးနေတာပါ။

ထိုင်းဘုရင့်တပ်မတော်မှ ဆေးဘက်ဆိုင်ရာအဖွဲ့ဝင် အင်အား ၂၅ ယောက်လောက်နဲ့ ခန့်မှန်းငွေ ဘတ် ၁ ဒသမ ၅ သန်းကျော် သုံးစွဲပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။

ဒီဆေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့ကလည်း မြန်အောင်မြို့နယ်မှာ ရေးဘေးသင့်ပြည်သူ ၅၀၀ ကျော်ကို ဆေးဝါးကုသပေးခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံကရေဘေးသင့် ပြည်သူတွေအတွက် ကျပ်သိန်း ၁၄ဝဝ ကျော် တန်ဖိုးရှိတဲ့ ထောက်ပံ့ပစ္စည်းတွေနဲ့ ဆေးဝါးတွေကိုလည်း မြ၀တီမှာ ထိုင်းနိုင်ငံ အစိုးရသံရုံးက သြဂုတ် ၂၈ ရက်မှာ ပေးအပ် လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ကျော်ဇေယျ

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013