DVB Logo
Home
မြန်မာသတင်း
ခရစ်ယာန် ဘုရားကျောင်းအတွင်း စေတီတည်မှု ရပ်ဆိုင်းရန် တောင်းဆို (ရုပ်သံ)
DVB
·
September 2, 2015
ခရစ်ယာန် ဘုရားကျောင်းအတွင်း စေတီတည်မှု ရပ်ဆိုင်းရန် တောင်းဆို (ရုပ်သံ)
1 / 4
Donate to DVB

ကရင်ပြည်နယ် ဘားဘံမြို့နယ် မီးဇိုင်းကျေးရွာရှိ မယ်စိထာ ကရင်နှစ်ခြင်းအသင်းတော် ခရစ်ယာန်ဘုရားကျောင်း မြေ၀င်းအတွင်း စေတီတည်ဆောက်တာကို ခေတ္တရပ်နားပေးဖို့ ကရင်အမျိုးသားစည်းလုံးရေးနှင့်ငြိမ်းချမ်းရေးကောင်စီ (KUPC) က မြိုင်ကြီးငူဆရာတော် ဦးသုဇနထံ မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

ဖြစ်စဉ်မှာ မိဇိုင်းရွာမှာ ရှိတဲ့ “မယ်စိထာကရင်နှစ်ခြင်း အသင်းတော်” ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းမှာ မြိုင်ကြီးငူဆရာတော်ရဲ့ တပည့်တွေက သြဂုတ် ၂၁ ရက်နေ့ကစပြီး စေတီတည်ဆောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီလို တည်ဆောက်တဲ့နေရာမှာ မယ်စိထာကရင်နှစ်ခြင်း အသင်းတော်က တာဝန်ရှိ သူတွေ၊ သင်းအုပ်ဆရာတွေကို အကြောင်းကြားခြင်းမရှိဘဲ လာရောက်လုပ်ဆောင်ခဲ့ပါတယ်။

ဒီအပေါ် အသင်းတော်တာဝန်ရှိသူတွေက တားမြစ်ပေမယ့် မရဘဲဖြစ်ခဲ့တဲ့အတွက် မြန်မာ နိုင်ငံ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ကနေတဆင့် ကရင်အမျိုးသား စည်းလုံးရေးနှင့်ငြိမ်းချမ်းရေးကောင်စီက တင်ပြတဲ့အတွက် အခုလို စာရေးသား ပန်ကြားရတာလို့ မန်းအောင်ပြည်စိုးက ပြောပါတယ်။

“မြိုင်ကြီးငူဆရာတော်ရဲ့ တပည့်တွေက သွားတည်တော့ အဲဒီက ဘာသာရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေက မကျေနပ်ကြဘူးပေါ့။ မကျေနပ်တော့ ဟိုပြောဒီပြော ဟိုသွားဒီသွားလည်း မရတော့ ကရင်ပြည်နယ် အစိုးရအဖွဲ့ကို တင်တော့လည်းမရဘူး။ ဒါကြောင့် KUPC ကို အကူအညီတောင်းတဲ့ သဘောပေါ့။ ကျနော်တို့ကတော့ ကရင်အမျိုးသားတွေအနေနဲ့ ပြေပြေလည်လည် ချစ်ချစ်ခင်ခင်နဲ့ အမျိုးသား ကိစ္စတွေရော၊ ဘာသာရေးအချင်းချင်းတွေကလည်း ပြေပြေလည်လည် ချစ်ချစ်ခင်ခင်နဲ့ ရှိဖို့အတွက် မျော်လင့်တယ်လေ။ ”

မြိုင်ကြီးငူဆရာတော်ဆီ သြဂုတ်လ ၂၈ ရက်နေ့ကတည်းက ပန်ကြားလွှာပေးမယ့် အခုချိန်ထိ တစုံတရာ အကြောင်းပြန်တာမရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီနေရာမှာ စေတီတည်ဖို့ မြိုင်ကြီးငူဆရာတော်က အာရုံရလို့ တည်ဆောက်ခိုင်း တာလို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ရုပ်သံနှင့်ဓာတ်ပုံ - Saw Black Karen

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013