DVB Logo
Home
မြန်မာသတင်း
အမျိုးသားပြန်လည်သင့်မြတ်ရေး ထိခိုက်မည့် ဟောပြောစည်းရုံးမှု မလုပ်ရန် သမ္မတ သတိပေး
DVB
·
September 2, 2015
အမျိုးသားပြန်လည်သင့်မြတ်ရေး ထိခိုက်မည့် ဟောပြောစည်းရုံးမှု မလုပ်ရန် သမ္မတ သတိပေး
Donate to DVB

နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ အချင်းချင်း ဝေဖန်ရှုတ်ချ စွပ်စွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ပျက်ပြားစေမယ့် ဟောပြောစည်းရုံးမှုတွေ မလုပ်ကြဖို့ သမ္မတ က သတိပေးလိုက်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က နိုင်ငံတ၀န်းကို ပြောကြားတဲ့ လစဉ် ပုံမှန် ရေဒီယိုမိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က “ကျနော်တို့နိုင်ငံဟာ ဓလေ့ထုံးတမ်းပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံရှိတဲ့ လူမျိုးစုများစွာ နေထိုင်တဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် မိမိတို့ရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များသည် နိုင်ငံရဲ့ လူမှု သဟဇာတဖြစ်မှုနဲ့ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုများအပေါ် ထိခိုက်နစ်နာစေမယ့် ကိစ္စရပ်တွေ မပေါ်ပေါက်ဖို့ အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေမယ့် လှုံ့ဆော်ဟောပြောမှုတွေ မပေါ်ပေါက်စေဖို့ နိုင်ငံရေးပါတီများအနေနဲ့ အထူးတာဝန်ယူ စောင့်စည်းကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ တဆက်တည်းမှာပဲ နိုင်ငံရေး အင်အားစုအချင်းချင်း ပြစ်တင်ဝေဖန် ရှုတ်ချစွပ်စွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေမယ့် ဟောပြောစည်းရုံးမှုတွေအစား မိမိတို့ ကိုယ်စားပြုမယ့် ပြည်သူများရဲ့ အနာဂတ် အိပ်မက်တွေဖြစ်တဲ့ မြန်မာနိုင်ငံသစ်အတွက် ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေ ပါဝင်တဲ့ မဲဆွယ်စည်းရုံးမှုများဖြစ်စေဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

အစိုးရအဖွဲ့အနေနဲ့ သန့်ရှင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး  မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့လည်း အခြေခံကျတဲ့ နိုင်ငံသား တာဝန်ဖြစ်တဲ့ ဆန္ဒမဲပေးရမယ့် တာဝန်ကို မပျက်မကွက် ထမ်းဆောင်သွားကြဖို့လည်း သမ္မတက တိုက်တွန်းပြောပါတယ်။

နိုင်ငံရေးပါတီအသီးသီးက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ စုဝေးဟောပြော မဲဆွယ်စည်းရုံးခွင့်တွေကို လာမယ့် စက်တင်ဘာ ၈ ရက် မနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီထိ ရက်ပေါင်း ၆၀ ရရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013