DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း မဲဆန္ဒရှင် စာရင်းများ စက်တင်ဘာ ၁၄ ရက် ကြေညာပေးမည်
DVB
·
September 2, 2015
နိုင်ငံတ၀န်း မဲဆန္ဒရှင် စာရင်းများ စက်တင်ဘာ ၁၄ ရက် ကြေညာပေးမည်
Donate to DVB

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းတွေကို နိုင်ငံတ၀န်းမှာ  စက်တင်ဘာလ ၁၄ မှ ၂၇ ရက်ထိ ၁၄ ရက်ကြာ ကြေညာကပ်ထားပေးမယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းမှာ မိမိအမည် ပါမပါကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ သွားရောက် ကြည့်ရှုကြဖို့ တိုက်တွန်းထားပါတယ်။

မဲစာရင်းမှာ မပါသေးသူတွေအနေနဲ့ ပုံစံ (၃) နဲ့ အမည်စာရင်းထည့်သွင်းရန်၊ မဲစာရင်းမှာ မပါသင့်သူတွေ ပါဝင်နေပါက ပုံစံ ၄ နဲ့ ကန့်ကွက်ရန်နဲ့ မဲစာရင်းပါ အချက်အလက်တွေ မှန်ကန်မှုမရှိရင် ပုံစံ (၄-ဂ) နဲ့ အချိန်မီ တင်သွင်း လျှောက်ထားနိုင်တယ်လို့လည်း ကော်မရှင်က ကြေညာထားပါတယ်။

အလားတူ ရေဘေးသင့်ဒေသတွေမှာလည်း မဲဆန္ဒရှင်စာရင်းတွေကို စက်တင်ဘာ ၁၄ ရက်က စကပ်ပေးထားမှာဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်နေ့ထက် ကျော်လွန်ဆောင်ရွက်ဖို့ လိုအပ်ပါက အချိန်တိုးမြှင့်ပေးနိုင်ဖို့ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေက သင့်လျော်တဲ့ ကာလကို သတ်မှတ်ထုတ်ပြန်ပေးသွားမယ်လို့ ကော်ရှင်က ဆိုပါတယ်။

တနိုင်ငံလုံး မဲဆန္ဒရှင် စာရင်းတွေကို မူလက သြဂုတ် ၂၃ ရက်ကနေ စက်တင်ဘာ ၆ ရက်အထိ ကြေညာကပ်ထားဖို့ ကော်မရှင်က စီစဉ်ခဲ့တာဖြစ်ပေမယ့် ရေဘေးကြောင့် ကြေညာမယ့်ရက်ကို နောက်ကျရွှေ့ဆိုင်းခဲ့ရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013