DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား ရေကြီးမှုကာကွယ်ရန် အဖွဲ့ပေါင်းစုံ ကြိုတင်ပြင်ဆင်
DVB
·
September 1, 2015
မြစ်ကြီးနား ရေကြီးမှုကာကွယ်ရန်  အဖွဲ့ပေါင်းစုံ ကြိုတင်ပြင်ဆင်
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေကြီးသတိပေးချက်တွေ ထွက်ပေါ်ပြီးတဲ့နောက် ရေဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့  အဖွဲ့ပေါင်းစုံ ပူးပေါင်းပြီး ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ကာကွယ်ရေးတွေ ဆောင်ရွက်လျှက်ရှိပါတယ်။

မြစ်ကြီးနားမှာ ရေတွေ ၀င်ရောက်လာနိုင်မယ့် ရပ်ကွက် ၃ ခုရှိပြီး ရေကြီးပါက အဲဒီလူတွေ ပြောင်းရွှေ့ခိုလှုံနိုင်တဲ့နေရာ၊  စက်လှေနဲ့ စားနပ်ရိက္ခာတွေ အသင့်ပြင်ထားတယ်လို့ မြစ်ကြီးနား မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ဒုမြို့နယ်မှူးး ဦးမျိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ ရေကင်းတွေလည်း ချထားတယ်၊ ပြည်သူတွေကလည်း ရေကြီးတဲ့ အခြေအနေကို သွားစောင့်ကြည့်ပြီး သတင်းပို့တင်ခင်ဗျ။   မြို့နယ်တရားသူကြီး ဦးသန်းမြင့်ရွှေ ဦးဆောင်ပြီး အုပ်ချုပ်ရေးရုံးဝန်ထမ်း၊ ဌာနဆိုင်ရာနဲ့ လူမှုအခြေပြုအဖွဲ့၊ လူမှုကူညီရေးအဖွဲ့တွေ ပေါင်းပြီး လူတထောင်လောက်ရှိတဲ့ အဖွဲ့လည်း ဖွဲ့ထားတယ်။  စက်လှေအကြီး ၄၀၀ ကျော် ပြင်ဆင်ထားပါတယ်။ စားနပ်ရိက္ခာအတွက်လည်း စီစဉ်ထားတယ်။ ရေကြီးလာရင် ပြည်သူတွေကို မြစ်ကြီးနား မုခ်ဦးဘုရားဝင်းထဲမှာ နေရာချထားပေး ဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီဝင်းကြီးက ဧကပေါင်း ၃၀ လောက်ကျယ်တော့ လူသုံးလေးထောင်လောက် နေလို့ရတယ်။ တိရိစ္ဆာန်တွေကိုလည်း ထားလို့ရတယ်။”

မြစ်ကြီးနားမှာ ရေတွေ ၀င်ရောက်လာနိုင်မယ့် ရပ်ကွက်တွေကတော့ အလယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး စတဲ့ရပ်ကွက်တွေဖြစ်ပြီး စက်တင်ဘာလ ၁ ရက် မနက်ပိုင်း သွားရောက် စစ်ဆေးချက် အရ မြစ်ရိုးအနီး  ကြက်ပေါင်ခြံရပ်ကွက်မှာ အိမ်ပေါင်း ၇ အိမ်လောက် ရေတွေစ၀င်နေပြီး ခြေသလုံးလောက်ရှိတယ်လို့ သူကဆက်ပြောပါတယ်။

မိုးဇလဌာနမှ ကနေ့မနက် ၈ နာရီအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားမြစ်ရေ ၉၅၇ စင်တီမီတာကို ရောက်ရှိနေကြောင်း၊ စိုးရိမ်ရေမှတ်ကို တစ်ထောင်စင်တီမီတာ သတ်မှတ်ကာ တစ်ထောင့် နှစ်ရာကျော်ရင် လူနေအိမ်ခြေထဲ ရေတွေဝင်ရောက်လာနိုင်တယ်လို့ မြစ်ကြီနား ဒုမြို့နယ်မှူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013