DVB Logo
Home
မြန်မာသတင်း
ကျောင်းသားရုံးထုတ်တွင် ရှေ့နေနှင့် တရားသူကြီး အချေအတင်ဖြစ်
DVB
·
September 1, 2015
ကျောင်းသားရုံးထုတ်တွင် ရှေ့နေနှင့် တရားသူကြီး အချေအတင်ဖြစ်
Donate to DVB

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်စဉ် ရိုက်နှက်ဖမ်းဆီး တရားစွဲခံကြရတဲ့ ကျောင်းသား တွေနဲ့ ၀န်းရံပြည်သူတွေကို ပဲခူးတိုင်း သာယာဝတီမြို့နယ်တရားရုံးမှာ ဒီနေ့ထပ်မံ ရုံးထုတ် ပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ  လက်ရှိကျောင်းသားတွေကို စွဲဆိုထားတဲ့အမှု ဟာ တရားမ၀င်ဘဲ မူလကနေ ပျက်ပြယ်နေတဲ့ တရားစွဲဆိုမှုတရပ်ဖြစ်ကြောင်း ကျောင်းသားတွေရဲ့ရှေ့နေတွေက လျှောက်ထားတဲ့အမှုကို အမိန့်ချမှတ်ဖို့ပါ။

ဒါပေမယ့်ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ တရားသူကြီးက အချက်တခုပေါ်မှာ အချေအတင်ဖြစ်ပွားခဲ့တဲ့အတွက် အမှု မစစ်၊ အမိန့်မချဖြစ်ဘဲ ရုံးပြန်ချိန်းဆိုခဲ့တယ်လို့ ကျောင်းသားရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်တုန်းက ဒုရဲမှူး နန္ဒ၀င်းဆိုတာသည် တကယ်တော့ ဒုရဲမှူးကြီးဆိုတဲ့ ရာထုအခေါ်အဝေါ်က မှားတယ်။ အဲဒါကို သူက ပြင်ချင်လို့ တရားသူကြီကို လျှောက်ချင်တာ၊ ဆိုတော့ သူက လျှောက်လှဲချက်ပေးမယ်ဆိုပြီး သူက ပြင်တယ်။ ပြင်တဲ့အခါမှာ တရားသူကြီးက ‘မဟုတ်ဘူး ကျနော်အမိန့်ချမယ်။ အမိန့်နားထောင်ပြီးမှ လုပ်’၊ သူကလည်း ‘အမိန့်မချခင်မှာ ပြင်မယ်’ ဆိုတာချည်းပဲ။ တရားသူကြီးကလည်း ‘ခင်ဗျားတင်တာ ကျနော်လက်မခံဘူး။ အမိန့်ချပါရစေဦး’ ဆိုတာလည်း လက်မခံဘူး။ သူတင်တာကို လက်မခံရကောင်းလားဆိုပြီးတော့ အနောက်က ကျောင်းသားတွေအုပ်စုကနေပြီးတော့ အော်တယ်ဗျာ။ ထုံစံအတိုင်းပေါဗျား ‘တရားသူကြီးအလိုမရှိ’ ဘာညာနဲ့ဆိုတဲ့အခါကျတော့ တရားသူကြီးက ဒေါသထွက်တဲ့ အခါကျတော့ အမှုမစစ်တော့ဘူး။ အမိန့်လည်းမချနိုင်ဘူး ရပ်ပစ်လိုက်ရတယ်။” လို့ ပြောပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ မြို့နယ်ရော ခရိုင်မှာပါ  အမိန့်မချနိုင် အမှုမစစ်နိုင်တဲ့အတွက် လာမယ့် ၈ ရက်နေ့ကို ရုံးပြန်ချိန်းဆိုတယ်လို့ ဆိုပါတယ်။

ကျောင်းသားသပိတ်ကြောင့်  ဖမ်းဆီးခံကြရတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက်ရှိပြီး  အားလုံးအမှုရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013