DVB Logo
Home
မြန်မာသတင်း
အလုပ်ရှင် အလုပ်သမား အလုပ်ခန့်စာချုပ်များ စတင်ချုပ်ဆိုရန် အစိုးရသတိပေး
DVB
·
September 1, 2015
အလုပ်ရှင် အလုပ်သမား အလုပ်ခန့်စာချုပ်များ စတင်ချုပ်ဆိုရန် အစိုးရသတိပေး
Donate to DVB

တရားဝင် သတ်မှတ်လိုက်ပြီဖြစ်တဲ့ အနည်းဆုံး အခကြေးငွေ တနေ့ ကျပ် ၃၆၀၀ နှုန်းနှင့်အညီ အလုပ်ရှင် အလုပ်သမား အလုပ်ခန့် သဘောတူစာချုပ်တွေ စတင်ချုပ်ဆိုကြဖို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အသိပေးကြညာလိုက်ပါတယ်။

အလုပ်ရှင်တွေဟာ အလုပ်သမားခန့်ထားပြီးပါက ရက် ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုပေးရမည်ဖြစ်ပြီး သတ်မှတ်ပေးထားတဲ့အနည်းဆုံး အခကြေးငွေ နှုန်းထားနဲ့ အညီ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန လုပ်ငန်းပိုင် ရှင်တွေဟာ စက်တင်ဘာလကစပြီး အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်တွေကို အလုပ်သမားတွေနဲ့ ညှိနှိုင်းချုပ်ဆိုရမယ်လို့ ၀န်ကြီးဌာနရဲ့ သြဂုတ် ၃၁ ရက် ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လုပ်ငန်းငန်းပိုင်ရှင်တွေအနေနဲ့ ခန့်ထားပြီး အလုပ်သမားတွေကို လစာထုတ်ပေးရာမှာ လစာထုတ်ပေးမှု မှတ်တမ်းစာအုပ်ပုံစံနဲ့ လစာထုတ်ပေးဖို့ လည်းတိုက်တွန်းထားပါတယ်။

အလုပ်သမားတွေရဲ့ အနည်းဆုံးအခကြေးငွေကို ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ကစတင်ပြီး တနေ့ ကျပ် ၃၆၀၀ နူန်းထားနဲ့ပေးဖို့ အစိုးရက ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်က အတည်ပြု သတ်မှတ်ကြေညာထားတာပါ။

အလုပ်သမား ၁၅ ဦးအောက်ရှိတဲ့ လုပ်ငန်းငယ်တွေနဲ့ မိသားစုတပိုင်တနိုင် စီးပွားရေး လုပ်ငန်းတွေ ကတော့ ဒီနှုန်းထားသတ်မှတ်ချက်နဲ့ အကျုံးမ၀င်ပေမယ့် အလုပ်ရှင်အလုပ်သမား သဘောတူထားတဲ့ လုပ်ခလစာနှုန်းနဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်တွေ ချုပ်ဆိုဖို့ လိုအပ်တယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013