DVB Logo
Home
Lead Story
ကျနော်တို့ ဒီတိုင်းပြည်ကို ပြိုကွဲအောင်မလုပ်ချင်ဘူး - ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ
DVB
·
September 1, 2015
ကျနော်တို့ ဒီတိုင်းပြည်ကို ပြိုကွဲအောင်မလုပ်ချင်ဘူး - ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ
Donate to DVB

MNDAA (မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် - ကိုးကန့်တပ်မတော်) ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့နဲ့ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တို့ကို စတင်တိုက်ခိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်လို့ မရကြောင်းနဲ့ လက်နက်စွန့်ရမှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးရာမှာ ကိုးကန့်တပ်ဖွဲ့ ပါဝင်လက်မှတ်ထိုးမှာကို အစိုးရဘက်က ငြင်းဆန်မှုနဲ့ ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ဆက်ဆံရေးဌာန ဌာနမှူး ဦးဖုန်းဝင်းနိုင်ကို တွေ့ဆုံမေးမြန်းပါတယ်။

(မှတ်ချက်။ ။ ဦးဖုန်ကျားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ဟာ ၈ လေးလုံးအရေးအခင်းအပြီး အာဏာသိမ်းပြီးစ ၁၉၈၉ ခုမှာ န၀တ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပထမဆုံးလုပ်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေးအထူးဒေသ (၁) အဖြစ်ရပ်တည်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးမှာ လက်မခံတဲ့အတွက် စစ်အစိုးရက တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။)

လွန်ခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင် ချင်းမိုင်မြို့မှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးညီလာခံမှာ ကိုးကန့်တပ်ဖွဲ့ အန်အန်ဒီအေအေနဲ့ပတ်သက်လို့ ဘာတွေ ဆွေးနွေးကြလဲ။
“ကျနော်တို့ အမ်အန်ဒီအေအေနဲ့ ပတ်သက်ပြီးတော့ များပါတယ်။ အဓိကကတော့ ဒီ လောလောဆယ် ဒီအစိုးရပေါ့ ကျနော်တို့ကို ချန်ထားခဲ့မယ့်ဟာကို ဒီကိစ္စနဲ့ ပတ်ပတ်လည် ညိနေတာပေါ့။ အစိုးရကတော့ ကျနော်တို့ကိုလုံးဝလက်မခံတာ အဲဒါပဲ။ အားလုံးက ဒီကိစ္စနဲ့ပတ်သက်ပြီးမှ ဆွေးနွေးတာ ပိုပြီးမှ များတယ်။ ”

အမ်အန်ဒီအေအေကို အစိုးရက ဘာကြောင့်ချန်ထားတယ်လို့ ခံယူထားပါသလဲ။
“ဘာဖြစ်လို့ချန်ထားလဲဆိုတော့ ကျနော်ကြည့်ရတာ ဒီဥစ္စာကတော့ မင်းအောင်လှိုင်ရဲ့ ကစားပုံ ကစားနည်းပါပဲ။ ဘာဖြစ်လို့လည်းတော့ ကိုးကန့် သူပြောတာ ကျူးကျော်စစ်တခု၊ နောက်ပြီးတော့ အချုပ်အာဏာကို ထိခိုက်တယ် ဘာညာ၊ အဲဒါကို ကျနော်တို့က လုံးဝကို အဲဒါကို မကျေနပ်ဘူး။ ဘယ်လိုပြောရမလဲဆိုရင် ကျနော်တို့ရာဇ၀င်ကို ကြည့်ရမယ်၊ အဲဒီရာဇ၀င်က ဘာလဲဆိုတော့ ကျနော်တို့ ကိုးကန့်လူမျိုးဆိုတာ တခြားတိုင်းရင်းသားနဲ့အတူတူပဲ။ ကျနော်တို့ရဲ့ ဖိုးဖွား နေခဲ့တဲ့နယ်မြေတွေပဲ။ ကျနော်တို့နေခဲ့တာ အဲဒါ နှစ် ၂၀၀ ကျော်နေပြီ။ အဲဒါ ကျနော်တို့ ကိုးကန့် MNDAA ကို လာပြီးမှ လာစွပ်စွဲတယ်။ အဲဒါ အချုပ်အာဏာကိုထိတယ်၊ အဲဒါကို ကျူးကျော်စစ်ဖြစ်တယ်၊ နောက်ပြီးမှ ကျနော်တို့က တိုက်ပြီးမှ တရုတ်ပြည် လက်ဆောင် သွားပေးမယ်၊ အဲဒါတွေ အရာရာ အစစ ကျနော်တို့က လုံးဝမကျေနပ်ဘူး။”

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုပြီး ရှိပါတယ်။ အဲဒီ ကိုးကန့်အထူးဒေသမှာရှိတဲ့ သူတွေနဲ့ အကိုတို့နဲ့က လူမျိုးအရ ဘာကွာခြားသလဲ။
“လူမျိုးကတော့ ဘာမှမကွာပါဘူး။ အဲဒါကတော့ ကျနော်တို့ရဲ့ အရင်တုန်းက ဦးဖုန်ကြားရှင် ဥက္ကဋ္ဌရဲ့ တပည့်တွေလေ။ သူတို့က ကျနော်တို့ကို ပုန်ကန်တယ်။ ပုန်ကန်တယ်ဆိုတာ အဲဒါကတော့ အရာရာအမျိုးမျိုးရှိတာပေါ့နော်။ သူတို့က သွားပြီးမှ ဒီစစ်အစိုးရနဲ့ သွားပြီးမှ ကိုယ့်လူမျိုးကို သွားပြီးမှ ပေါက်ကရဟာတွေ လုပ်တယ်။ မပြောတော့ပါဘူးနော်။

မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေကိုလည်းမေးရာမှာ အစိုးရကနေပြီးတော့မှ အန်စီအေထိုးရာမှာ လက်မခံဘူးလို့ ငြင်းဆိုနေတဲ့ ခြောက်ဖွဲ့အနက် ကိုးကန့်အဖွဲ့ကတော့ လုံးဝ လုံးဝ လက်မခံနိုင်ဘူးလို့ ပြောတယ်။ ကျန်တဲ့ ၅ ဖွဲ့ကတော့ ပုံစံတမျိုးမျိုးနဲ့ ညှိလို့ရကောင်း ရနိုင်တယ်လို့ဆိုပြီး ကိုးကန့်ကတ်ပြားတခုကို ကိုင်ထားပါတယ်။ အဲဒီအခြေအနေပေါ်မှာ ဘာပြောစရာရှိမလဲ။
“အဲဒါကတော့ ကျနော်ကြည့်ရတာကတော့ ဘယ်လိုပြောရမလဲ တကယ်တမ်းသာ ခုနပြောတဲ့ အတိုင်းပဲ ဒီစစ်အစိုးရပြောတဲ့ဟာကတော့ ကျနော်တို့ ကျူးကျော်စစ်ဖြစ်တယ်၊ ဒါပေမယ့် အဲဒါ ကျနော်တို့ရာဇ၀င်ကို ကြည့်ရမယ်။ အဲဒါက ဘာလဲဆိုတော့ အရင်တုန်းက ဘယ်သူ ငြိမ်းချမ်းရေးလုပ်ခဲ့တယ်၊ ဘယ်သူက ဗကပကို ဖြိုခွဲလိုက်တယ်၊ အဲဒါ ကျနော်တို့တိုင်းပြည်ကို ကောင်းကောင်းလေး၊ ငြိမ်းငြိမ်းချမ်းချမ်းလေးရှိသွားတယ်၊ အဲဒါ ဘယ်သူ လုပ်ခဲ့သလဲ၊ အဲဒါ ဘယ်သူလဲဆိုတာ ကျနော်တို့ရာဇ၀င်သွားကြည့်ရမယ်။ အဲဒါက ကျနော်တို့ရဲ့ဥက္ကဋ္ဌ ဦးဖုန်ကြားရှင် ဖြစ်တယ်။ ဒါကြောင့်မို့ သူတို့က အဲဒါတွေကို ရာဇ၀င်တွေ ကောင်းကောင်း မကြည့်ဘဲနဲ့ ကောင်းကောင်းလေး သူတို့က မ၀န်ခံနိုင်ဘဲနဲ့ အဲဒါကို ကျနော်တို့ကို စွပ်စွဲတယ်။ အဲဒါ ကျနော်တို့ မတရားဖြစ်တယ် သူတို့က အဲလိုလုပ်ရင်။”

ကိုးကန့်အဖွဲ့က သုံး၊ လေး၊ ငါးနှစ် ပျောက်နေရာကနေ တိုက်ခိုက်ရေးအင်အား တော်တော်ကောင်းကောင်းနဲ့ ဒီနှစ်ဆန်းပိုင်းမှာ တိုက်ပွဲတွေလုပ်ခဲ့တာ တွေ့ပါတယ်။ အဲဒီနည်းပညာတွေ၊ လက်နက်တွေ၊ ငွေကြေးအထောက်အပံ့တွေက ဘယ်ကနေရတဲ့ ငွေနဲ့သုံးစွဲ သလဲ။ ဘယ်က သင်တန်းတွေရလဲ။
“ဟုတ်ကဲ့ အဲဒါကတော့ အရင်တုန်းက ကျနော်တို့က ထရိန်နင်ဆရာလည်းရှိဖူးတယ်။ အဲဒီ ထရိန်နင်ဆရာကတော့ ကြာပြီ ကျနော်တို့ကို စစ်သင်တန်းကျောင်းမှာ တပုံပြီးတပုံ ထွက်လာတယ်။ အဲဒါကတော့ မထူးဆန်းပါဘူး။ အဲဒီ ငွေရေးကိစ္စကတော့ ကျနော်တို့ ကိုးကန့်မှာ ငြိမ်းချမ်းရေးယူတာ နှစ် ၂၀ ရှိတယ်။ အဲဒီထဲမှာ စုထားရတဲ့ဝင်ငွေတွေပါ။”

ကိုးကန့်အဖွဲ့နောက်မှာ တရုတ်က ထောက်ပံ့တယ်၊ အကာအကွယ်ပေးထားတယ်ဆိုပြီး ဖော်ပြရေးသားမှုတချို့တွေ့ရပါတယ်။ တရုတ်က အကာအကွယ်မပေးရင် ကိုးကန့်အဖွဲ့ရပ်တည်လို့ မရဘူးလို့ဆိုတယ်။ ဒီဟာနဲ့ပတ်သက်လို့ ဘာပြောချင်လဲ။
“သြော် ဒီဥစ္စာနဲ့ပတ်သက်ပြီးရင် တခုပြောချင်တာက အဲဒါ တခြားနိုင်ငံနဲ့ လုံးဝမဆိုင်ဘူး။ အဲဒါ ကျနော်တို့ရဲ့ ပြည်တွင်းကိစ္စ။ ကျနော်တို့ရဲ့မြန်မာပြည်ရဲ့ကိစ္စ။ တခြားနိုင်ငံ သွားမရှုပ်ပါနဲ့။ တခြားနိုင်ငံလည်း လူများပြောတာပဲ၊ လူများလည်းပြောတယ် တခြားနိုင်ငံရဲ့ ပြည်တွင်းကိစ္စ သွားမရှုပ်ဘူး။ အဲဒါကတော့ သေချာတယ်။ တရုတ်ပြည်ရဲ့ပေါ်လစီတခုရှိတယ်။ တခြားနိုင်ငံရဲ့ကိစ္စ သူတို့ သွားမရှုပ်ဘူး။ အဲဒါ ကျနော်တို့သိတယ်။ အဲဒါကတော့ ဘာကြောင့် ကျနော်တို့ကို အဲလိုမျိုးယူဆလည်း ကျနော်လည်း မသိဘူး။ ဒီနယ်စပ်ဒေသမှာလည်း ကချင်လူမျိုးရှိတာပဲ၊ ဂျိမ်းဖောကချင်၊ ၀လည်း ၀ရှိတာပဲ။ နောက်ပြီးတော့ တအာန်းလည်း တအာန်းရှိတာပဲ၊ တအာန်းနဲ့ပလောင်နဲ့လည်း အတူပဲ။ ဘာဖြစ်လို့ ကျနော်တို့ ကိုးကန့်လူမျိုးကို အဲလိုလာစွပ်စွဲလည်း ကျနော် နားမလည်ဘူး။”

ကိုးကန့်အဖွဲ့က ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်ဖြစ်တော့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ပတ်သက်လို့ ရပ်တည်ချက်သဘောထားက ဘယ်လိုရှိပါသလဲ။
“ကျနော်တို့ကတော့ လုံးဝငြိမ်းငြိမ်းချမ်းချမ်းနဲ့တိုင်းပြည်ကို တိုးတက်အောင် ကျနော်တို့ လုပ်ချင်တယ်။ နောက်ပြီးတော့ တိုင်းပြည်ကို လုံးဝမပြိုကွဲအောင် ကျနော်တို့က အဲလို ရပ်တည်ချက်ရှိတယ်။”

အစိုးရက ကိုးကန့်အဖွဲ့မှလွဲပြီး ကျန်တဲ့အဖွဲ့တွေ တော်တော်များများနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ခေါ်နေတယ်ဆိုတဲ့အသံတွေလည်း ကြားမှာပေါ့။ အဲဒီတော့ ကိုးကန့်အဖွဲ့က ဘယ်လိုမျိုး ဆက်လက် ကြိုးစားသွားဖို့ရှိသလဲခင်ဗျ။
“ကျနော်တို့ ဆက်ပြီးကျိုးစားမယ်၊ လောလောဆယ် အစိုးရကို ကျနော်တို့သွားပြီးမှ နည်းစုံအားဖြင့်ပြန်ကျိုးစားမှာပဲ။ မဟုတ်ရင် သူတို့က ကျနော်တို့ကို လာပြီးမှ ဦးထုပ်ဆောင်းပေးတယ်၊ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့က ဒီနိုင်ငံသားမဟုတ်ဘူး။ ကျနော်တို့က အချုပ်အခြာအာဏာကို ထိတယ် ဘာညာတွေလာပြောမယ်။ တချက်က ကျနော်တို့ကို ကိုးကန့်တိုက်ပြီးမှ တရုတ်ပြည်ပေးမယ် အဲဒီကိစ္စတွေလာပြီးမှ ကျနော်တို့ကို လာပြောနေဦးမယ်။ အဲဒါ ကျနော်တို့က မကြိုက်ဘူး။ သူတို့ရူးနေလား မသိဘူး အဲဒါ လာပြောတာ။ ရာဇ၀င်ကို ကြည့်ရမယ်။ ကျနော်တို့ကိုးကန့်လူမျိုး အဲဒီနယ်မြေမှာနေတာ နှစ်ပေါင်း ၂၀၀ ကျော်နေပြီ။ ဒီအချိန်ကျမှ လာပြီးမှ ကျူးကျော်စစ်၊ အချုပ်အခြာအာဏာ လာပြောရင် ကျနော်တို့က လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေ သိတဲ့အတိုင်းပဲ ဒီအစိုးရက နယ်မြေလိုချင်တယ်၊ နယ်မြေပေါ်က လူမျိုးတွေ သူက မလိုချင်ဘူး။ အဲဒါကို ကျနော်တို့က လုံးဝလက်မခံနိုင်ဘူး အဲဒါကြောင့်မို့။”
“ကျနော်တို့ကတော့ ဆက်ပြီးမှ ကြိုးစားမှာပဲ။ သူတို့နဲ့ contact ဆက်သွယ်မှာပဲ။ အဲဒါကတော့ ကျနော်တို့ရဲ့ တိုင်းပြည်မပြိုကွဲအောင် ကျနော်တို့က ဒီကေ့စ်ကို သွားပြီးမှ ညှိမှာပဲ။ သူတို့နဲ့သွားပြီးမှ contact လုပ်မှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ဒီတိုင်းပြည်ကို ပြိုကွဲအောင်မလုပ်ချင်ဘူး။ မလုပ်ဘူး။ ကျနော်တို့ရှိတယ်။ တကယ်တမ်းသာ သူတို့ ကျနော်တို့ကို လက်မခံဘူးဆိုရင် သူတို့ ဘယ်လို စဉ်းစားထားလဲ ကျနော်မသိတော့ဘူး။ သူတို့ တိုင်းပြည်ကို ပြိုကွဲချင်တာလား မသိဘူး။ ကျနော်က အဲလိုမျိုးမြင်တယ်။”

ရအောင်လုပ်မယ်ဆိုရင် ဘယ်ပုံစံနဲ့လုပ်မလဲ။
“ရအောင်လုပ်မယ်ဆိုရင် ကျနော်တို့ ဆက်ပြီးကြိုးစားမှာပေါ့။ ယူအန်အက်ဖ်စီ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ) ခေါင်းဆောင်ကြီးများလည်း ကျနော်တို့ကိုလည်း။ ကျနော်တို့က ဗဟိုမိန်းတခုရှိတယ်။ အဲဒါဘာလဲဆိုရင် အားလုံးပါဝင်မှ ထိုးမယ်။ အားလုံးအတူတူသွားမယ် ဒီတော်လှန်ရေးခရီးစဉ်ကို။ အဲဒါကို ကျနော်တို့နဲ့ လက်မခံဘူးဆိုရင် သူတို့လည်း မထိုးဘူး။ အဲလိုမျိုးအစီအစဉ်တချက်ရှိတယ်။ ဒါပေမယ့် ကောင်းလာမှာပါ။ ဒါပေမယ့် ကျနော်တို့ကျန်ခဲ့လည်း ယူအန်အက်ဖ်စီ လူကြီးပိုင်းတွေက ဆက်ပြီး ကြိုးစားမှာပဲ။”

ကြိုးစားမယ်ဆိုတာက စစ်ရေးအရ ဖိအားပေးတာမျိုးကို ဆက်လုပ်ဖို့လား။
“စစ်ရေးအရကတော့ အခုလောလောဆယ် ကျနော်တို့က တဖက်သတ် အပစ်ရပ်ထားတယ် အရင်။ ဒါပေမယ့် အစိုးရကတော့ အခုချိန်ထိ လုပ်နေတုန်းပဲ။ ကျနော်တို့ကို လာတိုက်နေတုန်းပဲ။ ဒါပေမယ့်ကိစ္စမရှိဘူး ကျနော်တို့ကတော့ အဆင်သင့်လုပ်ထားပါတယ်။”

တပ်မတော်နဲ့ အစိုးရဘက်က ကိုးကန့်အဖွဲ့နဲ့ ငြိမ်းချမ်းရေးမလုပ်နိုင်ဘူးလို့ ဆက်တိုက် ထုတ်ပြောနေတယ်။ ဒီလိုသာ ရေရှည်ဖြစ်ရင် ကိုးကန့်အဖွဲ့ဟာ မြန်မာပြည်မြေပုံကနေ ခွဲထွက်သွားဖို့ အစီအစဉ်ရှိလား။
“သြော် အဲလိုမျိုးမရှိပါဘူး။ ဒီရာဇ၀င်ထဲမှာ ကျနော်တို့ အဲလိုမျိုး မရှိခဲ့ဘူး။ အဲလိုမျိုးလည်း မစဉ်းစားခဲ့ဖူးဘူး။ အဲလိုမျိုးလည်း သွားမလုပ်ဘူး။ အဲဒါက ပြည်ထောင်စုကို ပြိုကွဲတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးပန်းတိုင်နဲ့ မညီကိုက်ဘူး။

အစိုးရက ကျန်တဲ့အဖွဲ့တွေအားလုံးနဲ့ အပစ်အခတ်ရပ်စဲလိုက်ပြီး ကိုးကန့်တဖွဲ့ပဲကျန်လို့ ဖိတိုက်မယ်ဆို ကိုးကန့်တပ်ဖွဲ့က ခုခံနိုင်ပါ့မလား။
“ခုခံနိုင်ပါ့မလားဆိုတော့ ကျနော်တို့ကတော့ လူတယောက်၊ နောက်ဆုံးလူတယောက်ကျန်လည်း ဆက်တိုက်မှာပဲ”

တခြားဖြည့်စွက်ပြီး မှတ်ချက်ပြုစကား။
“ဟုတ်ကဲ့။ အားလုံး ကျနော်တို့ တိုင်းရင်းသား ကောင်းကောင်းလေး နော၊ ကောင်းကောင်းလေး ဒီ ကျနော်တို့ရဲ့လူမျိုးအတွက် ကောင်းကောင်းလေး ကြိုးစားပါ။ နောက်ပြီးတော့ ကျနော်တို့ရဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီခေတ်ထဲမှာ ကျနော်တို့ ကိုးကန့်ကိစ္စကို ကောင်းကောင်းလေး ဖြေရှင်းပေးပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013