DVB Logo
Home
မြန်မာသတင်း
Failed Law အင်္ကျီဝတ်ဆင်ပြီး ကျောင်းသားခေါင်းဆောင်များ ရုံးထုတ်လာရောက်
DVB
·
September 1, 2015
Failed Law  အင်္ကျီဝတ်ဆင်ပြီး ကျောင်းသားခေါင်းဆောင်များ ရုံးထုတ်လာရောက်
1 / 8
Donate to DVB

ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့မှာ ကျောက်တံတားမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့  တရားရုံးထွက်မယ့် တကသကျောင်းသားခေါင်းဆောင် ဇေယျာလွင်နဲ့ ပိုင်ရဲသူ တို့ဟာ Failed Law အင်္ကျီဝတ်ဆင်ထားတာကြောင့်  အချုပ်ကားပေါ်မှ ပေးမဆင်းပဲ ပြန်လည်ခေါ်ဆောင်သွား ခဲ့ပါတယ်။





ဒီနေ့ရုံးထုတ်မှာ လာရောက်တွေ့ဆုံတဲ့ တကသ ကျောင်းသားတွေ က Failed law တူညီအင်္ကျီတွေ ဝတ်ဆင်ခဲ့ကြပါတယ်။ တကသကျောင်းသားခေါင်းဆောင် ဇေယျာလွင်နဲ့ ပိုင်ရဲသူတို့ကလည်း Failed Law အင်္ကျီများကို ဝတ်ဆင်ထားတဲ့အတွက် အချုပ်ကားပေါ်မှ ဆင်းလိုရင် Failed Law အင်္ကျီချွတ်ရမယ်လို့ ခိုင်းစေခဲ့တာကြောင့် ကျောင်းသားခေါင်းဆောင် နှစ်ဦးက ငြင်းပယ်တဲ့အတွက် အချုပ်ကားကို ပြန်လည်မောင်းထွက်သွားခဲ့တာဖြစ်ပါတယ်။



အဲဒီ့နောက် မိနစ် ၂၀ လောက်အကြာမှာ တကသ ကျောင်းသားခေါင်းဆောင်နှစ်ဦးကို သယ်ဆောင်သွားတဲ့ ရဲအချုပ်ကား တရားရုံးရှေ့ကို ပြန်ရောက်ပါတယ်။ "အခုလို Failed Law အင်္ကျီဝတ်ခွင့်မရှိဘူးလို့ ပြောတာကိုက Failed Law ပါပဲ"လို့ ကိုဇေယျာလွင်က တရားရုံးအ၀င် ပြောကြားသွားပါတယ်။



တကသ ကျောင်းသား ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို အခြေခံဥပဒေ ပြင်ဆင်ရေး၊ လွှတ်တော်ထဲက အစိတ်သား ထွက်သွား တောင်းဆိုချက်တွေနဲ့ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြမှုအပေါ် နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)နဲ့ ဖမ်းဆီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ တကသ ကျောင်းသားတွေရဲ့ Failed Law ကမ်းပိန်း လှုပ်ရှားမှုကို အရင်နှစ်ပတ်လောက်က စတင်ပြီး တက္ကသိုလ်ကျောင်းတချိုနဲ့ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံထဲတွေမှာ ပြုလုပ်ခဲ့ဖူးပါတယ်။


သတင်းဓာတ်ပုံ - ကောင်းထက်ကျော်




 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013