Home
မြန်မာသတင်း
စစ်မှုထမ်းဟောင်း ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
August 31, 2015
11986586_972264099497125_2187847818182613191_n
11951929_972264062830462_3332847076746577758_n
11215105_972264129497122_2546060192964176881_n
11035846_972264209497114_7507306585223295485_n
သြဂုတ်လ ၃၀ ရက်နေ့ နေ့လယ် ၁ နာရီလောက်က စစ်မှုထမ်းဟောင်း ၂ ယောက်ကို ကျောက်မဲမြို့ရဲ့ အနောက်ဖက် ၉ မိုင်ခန့်အကွာ နောင်ပြစ်ကျေးရွာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ သေဆုံးသူ ဦးစောလွင်က သေနတ်ဒဏ်ရာ ၆ ချက်နဲ့ ဦးအောင်နိုင်အေးက ၄ ချက်ပစ်ခံရတယ်လို့ ဦးစောလွင်ရဲ့သားက ပြောပါတယ်။ အခုအမှုကို နောင်ပိန်နယ်မြေ စခန်းမှူးက (ပ) ၃/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂ အရ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ကျောက်မဲမြို့နဲ့ အနီးတဝိုက်ဝန်းကျင်မှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၂၀၁၄ ခုနှစ်ကုန်ပိုင်းတုန်းကလည်း ကျောက်မဲမြို့လယ်ခေါင်မှာ စစ်မှုထမ်းဟောင်း တယောက်ကို သေနတ်နဲ့ ပစ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ သတင်းဓာတ်ပုံ - စုရည်ဖြိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024